သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဖြစ်လာပြီ

သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဖြစ်လာပြီ
by -
မဇ္စျိမ
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က တင်မြှောက်ထားသော ဒုသမ္မတသုံးဦးအနက် သမ္မတရွေးချယ်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၅ရက်က နံနက် ၁၀ နာရီတွင် မဲခွဲရွေးချယ်ရာ ဦးထင်ကျော်က မဲအများဆုံးရရှိကာ သမ္မတအဖြစ် တင်မြှောက်လိုက်ပြီဖြစ်သည်။

မဲအများဆုံးဖြင့် ဦးထင်ကျော်က သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရရှိသူ ဦးမြင့်ဆွေ  က ဒုသမ္မတ(၁)နှင့် တတိယမဲ အများဆုံးရရှိသော ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂)အဖြစ် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

လျှို့ဝှက်မဲပေးကာ လွှတ်တော်အမတ် ၆၅၂ဦးက မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဦးထင်ကျော်က ၃၆၀  မဲ၊ ဦးမြင့်ဆွေ   က ၂၁၃   မဲနှင့် ဦးဟင်နရီဗန်ထီးယူ   ကရ၉  မဲ ရရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးထင်ကျော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်သား ကိုယ်စားလှယ်များအစုအဖွဲ့က ဦးမြင့်ဆွေတို့ကို ဒုသမ္မတများအဖြစ် အသီးသီးတင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် သမ္မတရွေးချယ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သည်။

(ဓာတ်ပုံ- မဇ္ဈိမ/အီးပီအေ)

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...