အင်ဒိုနီးရှားတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ပြီး ခိုင်းစေခံ မြန်မာ နိုင်ငံသားများအတွက် သံရုံးများညှိနှိုင်းနေ

အင်ဒိုနီးရှားတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ပြီး ခိုင်းစေခံ မြန်မာ နိုင်ငံသားများအတွက် သံရုံးများညှိနှိုင်းနေ
by -
မဇ္ဈိမ
အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းတွင် လှောင်အိမ်ဖြင့်ချုပ်နှောင်ထားပြီး ခိုင်းစေခံရသည့် မြန်မာနိုင်ငံသား များအတွက် နှစ်နိုင်ငံ သံရုံးချင်း ချိတ်ဆက်ကာ ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္စျိမကိုပြောသည်။

"အလုပ်သမား ဝန်ကြီးဌာနနဲ့ သံရုံးအဖွဲ့တွေက ဟိုဘက်ကို ချိတ်ဆက်ဆွေးနွေးနေပြီ၊ တချို့က တရားမဝင်သွားတဲ့ အခါကျတော့ ဒီလိုမျိုး တရားမဝင်ခံရတာတွေရှိတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

သို့သော်ထိုသို့ ဆွေးနွေးခြင်းသည် ရေတိုဖြေရှင်းခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်အသိအမှတ်ပြုကတ်များ ရရှိရေး ဆက်ဆွေးနွေးရန် ရှိသေးသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

"ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ အားလုံးမှာ ထိုင်းနိုင်ငံမှာ လုပ်တဲ့နမူနာကိုယူပြီး အသိအမှတ်ပြု မှတ်ပုံတင်ကတ်တွေ ထုတ်ပေးနိုင်ဖို့ လုပ်နေတယ်။ တစ်ခုတည်းကို ပြောလို့မရဘူး အားလုံးကို တစ်ပြိုင်နက်ထဲ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတာလည်း ဆက်လုပ်နေပါတယ်" ဟု သူကပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျင်နာကျွန်းပေါ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုကို ချုပ်နှောင်ထားပြီး ငါးဖမ်းလှေများတွင် ခိုင်းစေမှုများ အကြောင်းကို အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုအလုပ်သမားများကို ထိုင်းနိုင်ငံမှတဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ခေါ်ဆောင်ခြင်းဖြစ်ပြီး ငါးဖမ်းလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းဖြစ်သည်။

ထို့ပြင် မလေးရှားနိုင်ငံတွင်လည်း တရားမဝင်ဖြစ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားကို မလေးရှား အစိုးရက ဖမ်းဆီးထားပြီး မြန်မာရေတပ်သင်္ဘောဖြင့် ပြန်လည် ခေါ်ဆောင်လာခဲ့ရပြီး မတ်လ ၂၉ရက်တွင် မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်သည်။

တရားမဝင်ဖြစ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားအစိုးရက ထပ်မံဖမ်းဆီးရမိပါက ထပ်မံကူညီ မှုများ ပြုလုပ်သွားရန် ပြောကြားခဲ့သေးသည်။

May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...