နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြံုကို အခြေခံပြီး ဒုသမ္မတရွေးချယ်ဟု တပ်မတော်ဆို

နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြံုကို အခြေခံပြီး ဒုသမ္မတရွေးချယ်ဟု တပ်မတော်ဆို
by -
မဇ္စျိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် လက်ရှိရန်ကုန်တိုင်းဝန်ကြီး ချုပ်ဖြစ်သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို မတ်လ ၁၁ရက်တွင် ရွေးချယ်လိုက်သည်။

နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမတွင် မတ်လ ၁၁ရက်၊ နံနက်ပိုင်းက ပြုလုပ်သော ဒုတိယသမ္မတရွေးချယ်ရေး အခမ်းအနားတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ဦးက အတည်ပြု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် ဦးမြင့်ဆွေအား ဒုတိယသမ္မတအဖြစ် တင်မြှာက်ရန်  ဗိုလ်မှူးချုပ် သန်းလွင်ကအဆိုပြုခဲ့ပြီး အဆိုပြုချက်အပေါ် ထောက်ခံခဲ့သော ဗိုလ်မှူးချုပ် တင်စန်းနိုင်က "ဦးမြင့်ဆွေ(ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား)ဟာ ပထမအကြိမ်လွှတ်တော်သက်တမ်း ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးအတွေ့အကြံုများစွာ ရှိသူဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးအတွေ့အကြံုလည်း များစွာရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်" ဟု ပြောသည်။

 ဗိုလ်မှူးချုပ် သန်းလွင်၏ အဆိုပြုချက်အပေါ် တပ်မတော်သားအမတ်အားလုံးက ကန့်ကွက်မှုမရှိသည့်အတွက် ဦးမြင့်ဆွေအား ဒုသမ္မတအဖြစ်တင်မြှောက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဆွေသည် ၂၀၁၀ရွေးကောက်ပွဲကာလတွင် တပ်မတော်မှအငြိမ်းစားယူကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ် စားပြုပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရသူဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးမြင့်ဆွေတာဝန်ထမ်းဆောင်စဉ်တွင်မူ ရန်ကုန်မြို့သစ်စီမံကိန်းကိစ္စ၊ ဒဂုံစီးတီးစီမံကိန်းကိစ္စ၊ ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော်ခန်းမအရှေ့တွင် ဆန္ဒပြကျောင်းသားပြည်သူများကို "တာဝန်" ဟူသည့် လက်ပတ်နီပတ်ထားသူများက အကြမ်းဖက်ဖြိုခွင့်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခံရသူတစ်ဦးဖြစ်သည်။

ယင်းအပြင် ၂၀၀၇ခုနှစ်၊ ရွှေဝါရောင်သံဃာ့အရေးအခင်းလှုပ်ရှားမှုကို ဖြိုခွင်းခဲ့စဉ်က ဦးဆောင်တာဝန်ယူခဲ့သူ တစ်ဦးလည်းဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...