လိုက်ခွေါင်ကော်စာပိဋကတ်စာပေကို ကရင်တိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်းတွင် ဘုံစာပေအဖြစ် သင်ကြားနိုင်ရန်ဆောင်ရွက်မည်

လိုက်ခွေါင်ကော်စာပိဋကတ်စာပေကို ကရင်တိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်းတွင် ဘုံစာပေအဖြစ် သင်ကြားနိုင်ရန်ဆောင်ရွက်မည်
by -
မဇ္စျိမ
လိုက်ခွေါင်ကော်စာ ပိဋကတ်စာပေကို ကရင်တိုင်းရင်းသား ဘာသာ ဘုံစာပေအဖြစ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်နိုင်သည့်အထိ အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု လိုက်ခွေါင်ကော်စာပိဋကတ်စာပေ ထွန်းကားပြန့်ပွားတိုးတက်ရေး သမဂ္ဂ ဒုတိယဥက္ကဋ္ဌ ရွှေတီဖလားကျောင်း ဆရာတော်ဦးစန္ဒဝရက မိန့်ကြားသည်။

"ကရင်တိုင်းရင်းသားတွေအားလုံးကြားမှာ ဘုံဘာသာစကားတစ်ခုအဖြစ်သတ်မှတ် လိုုက်မယ်ဆိုရင် အချင်းချင်းဆက်သွယ်တဲ့အခါမှာ ပိုပြီး အဆင်ပြေသွားလိမ့်မယ်။ ကရင်မျိုးနွယ်စုတွေကများတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြော ဆိုတဲ့အခါမှာ ကွဲပြားမှုတွေဖြစ်ပြီး စည်းလုံးညီညွတ်မှုမရှိတော့ပဲ မူရင်းဘာသာစကားတွေတိမ်မြုပ်သွားတဲ့ အထိ ဖြစ်သွားနိုင်တာ"ဟု ဆရာတော်က မိန့်ကြားသည်။

ပိုးကရင်၊စကော်ကရင်၊ပကူးကရင်၊ ဘွဲကရင်၊ ပလားဦး၊ လဲကယ်၊ တလာခုံ၊ စာဖြူ၊ စာနီ၊ အရှေ့ပိုး၊အနောက်ပိုး၊ ဂယ်၊ ပဂူး စသည့် ကရင်မျိုး မျိုးနွယ်စု ပေါင်း၁၉ မျိုးရှိနေသည့် အတွက် တစ်ခုတည်းသော အများသုံးဘုံစာပေ တစ်ရပ်ဖြစ်ထွန်းလာစေရန်လုပ်ဆောင်ခြင်းဖြစ်ပြီး ကရင်တိုင်းရင်းသား အများစုမှ လက်ခံသဘောတူညီမှု ရရှိထားသည့်အတွက် လိုက်ခွေါင်ကော်စာ ပိဋကတ်စာပေ ထွန်းကားပြန့်ပွား တိုးတက်ရေးသမဂ္ဂ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဆရာတော်ကဆိုသည်။

ယင်း လိုက်ခွေါင်းကော်စာ ပိဋကတ်စာပေကို နိုင်ငံတော်အစိုးရမှ အသ်ိအမှတ်ပြုပေးနိုင်ရန်နှင့် မြန်မာစာသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း ရေးဆွဲပေးနိုင်ရေးအထိ လုပ်ဆောင်နိုင်ရန် ကြိုးစာခြင်းဖြစ်သည်ဟု လိုက်ခွေါင်ကော်စာပဋကတ်စာပေ ပြန့်ပွားတိုးတက်ရေးသမဂ္ဂမှ အထူးအကြံပေး ဦးစောမောင်ကြီးက ထည့်သွင်းပြောကြားသည်။

“ဥပမာ လိုက်ခွေါင်ကော် စာပေကို တိုင်းရင်းသား ဘာသာသင်ရိုးညွှန်းတမ်းမှာပါထည့်သွင်းခွင့်ရပြီ ဆိုရင် အခြား ကရင် တိုင်ရင်းသားတွေပါ နားလည်း နိုင်မှာ ဖြစ်ပါတယ်။ ခုလို တစ်ခုတည်း လိုက်ခွေါင်ကော်စာ ပိဋကတ်စာပေကို အကောင်အထည်ဖေါ်နိုင်မယ် ဆိုရင် ကျွန်တော်တို့ ကရင် လူမျိုးစုများ ပိုမိုစည်းလုံးညီညွှတ်ပြီး တိုးတက် ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...