NLDပါတီက ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အဆိုပြု

NLDပါတီက ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အဆိုပြု
by -
မဇ္စျိမ
 နိုဝင်ဘာရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့်ဦးထင်ကျော်အား ဒုသမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော်တွင် အဆိုပြုလိုက်သည်။

ဒုတိယသမ္မတလောင်းအဖြစ် ဦးထင်ကျော်အားအဆိုပြုကြောင်း NLDအမတ် ဒေါ်ခင်စန်းလှိုင်က မတ်လ ၁၀ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုပြုလိုက်ခြင်းဖြစ်သည်။ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သည်။

NLDပါတီက ဒုသမ္မတလောင်းအဖြစ် ဦးထင်ကျော်အား အဆိုပြုတင်သွင်းသည်နှင့်အပြိုင် ကြံ့ခိုင်ရေးပါတီကလည်း ဒေါက်တာစိုင်းမောက်ခမ်းအား ဒုသမ္မတလောင်းအဖြစ် အဆိုပြုသည်။ ပါတီကလည်း ဒေါက်တာစိုင်းမောက်ခမ်းအား ဒုသမ္မတလောင်းအဖြစ် အဆိုပြုကြောင်း မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက အဆိုပြုခဲ့ခြင်းဖြစ်သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...