တပ်မတော်ကန့်ကွက်သော NLDအမတ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်မည်

တပ်မတော်ကန့်ကွက်သော NLDအမတ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်မည်
by -
မဇ္စျိမ
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ
ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တင်သွင်းခဲ့သော အရေးကြီးအဆိုအပေါ် ဖေဖော်ဝါရီ ၂၆ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထောက်ခံဆွေးနွေးခဲ့သော စေတုတ္တရာအမတ် ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်အား တပ်မတော်သားအမတ်များက ကန့်ကွက်စာတင်ပြထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မတ်လ ၈ရက်အစည်းအဝေးတွင် လွှတ်တော်အမတ်များကို အသိပေးလိုက်သည်။

ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်ပါ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ က.ပ.စ ၂၀ တပ်မြေကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ပါကြောင်း၊ ယင်းဆွေးနွေးချက်များအား ပြည်သူ့လွှတ်တော်မှတ်တမ်းများမှ ပယ်ဖျက်ပေးရန် တပ်မတော်သားအမတ်များက အချက်အလက်များနှင့် ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

 “တပ်မတော်သားအမတ်များတင်ပြလာသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ က.ပ.စ ၂၀၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ပြည်သူလွှတ်တော်မှတ်တမ်းမှ ထုတ်နုတ်ပယ်ဖျက်ရန် ရုံးအဖွဲ့သို့ ညွှန်ကြားပြီးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်” ဟု ဦးဝင်းမြင့်က လွှတ်တော်အမတ်များကို အသိပေးသည်။

"နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အား အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို" ကို NLDပါတီမှ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က ဖေဖော်ဝါရီ ၂၅ရက်တွင် အရေးကြီးအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် စေတုတ္တရာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်အောင်လွင်၏ လက်ပံတောင်းတောင်စီမံ ကိန်းနှင့်ပတ်သက်၍ ဆွေးနွေးချက်အပေါ် တပ်မတော်သားအမတ်အားလုံးက ဖေဖော်ဝါရီ ၂၆ရက်တွင် မတ်တပ်ရပ်ကာ ကန့်ကွက်ခဲ့ကြ သည်။

ထိုအဆိုအား ပြည်ထောင်စုအစိုးရအဖွဲ့မှ လာရောက်ဖြေရှင်းခဲ့ခြင်း မရှိပေ။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...