မညီမျှမှုများရှိနေသော်လည်း ANP ပါတီမှ ခွဲထွက်ရန်အစီစဉ်မရှိသေး

မညီမျှမှုများရှိနေသော်လည်း ANP ပါတီမှ ခွဲထွက်ရန်အစီစဉ်မရှိသေး
by -
မဇ္စျိမ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်အမျိုးသားများတိုးတက်ရေးပါတီ RNDP တို့ပူးပေါင်းထားသော ရခိုင်အမျိုးသားပါတီ ANP အတွင်း မညီမျှမှုများရှိနေသော်လည်း ခွဲထွက်မည်မဟုတ်ဘဲ ပြည်သူလူထု ထံအသိပေးချက်ထုတ်ပြန်မည်ဟု ယခင် ALD ဗဟိုအတွင်းရေးမှူး ဦးမျိုးကျော်က မဇ္စျိမသို့ ပြောကြား သည်။

ANPပါတီဗဟိုကော်မတီဝင်အဖွဲ့ ၃၉ ဦးတွင် RNDP မှ ၃၂ ဦးနှင့် ALD မှ ရ  ဦးသာပါ၀င်၍ ပါတီအရေးကြီးဆုံးဖြတ်ချက်များ ထုတ်ပြန်တိုင်း ဆွေးနွေးခွင့်အားနည်းပြီး အဆိုတင်သွင်း မဲခွဲဆုံးဖြတ်တိုင်း မညီမျှဖြစ်နေရသည်ဟု ၄င်းကဆိုသည်။

''ဆုံးဖြတ်ချက်ချရင် ဖုန်းနဲ့သဘောထားမှတ်ချက် ပေးလို့ရတယ်သာပြောတယ်။ တစ်ဦးတစ်ယောက်ကို မှ ဖုန်းဆက်ခြင်းမရှိဘူး။ တရားဝင်စာနဲ့လည်းအကြောင်းမကြားဘူး။ ဆိုတော့ ပါတီထဲမှာ ဘယ်လိုမှ ညှိနှိုင်းမဲခွဲလို့မရနိုင်တော့ဘူး။ လက်ရှိ ANP ဗဟိုကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီ ANP ၏ထုတ်ပြန်ချက် (၁/ ၂၀၁၆)တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင် ဖွဲ့စည်းခွင့်မရပါက  အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် (၂/၂၀၁၆)  ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများမဟာမိတ် (UNA) နှင့် မဟာမိတ်ရပ်စဲပြီး ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် ပူးပေါင်းကြောင်း ကြေညာချက်များအပေါ် ALD ဖက်မှ သဘောထား မပါ၀င်ခဲ့ ကြောင်း ပါတီခေါင်းဆောင်များက ကြေညာထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီအနိုင်ရခဲ့ခြင်းမှာ ပေါင်းစည်းခြင်း ညီညွတ်ခြင်း၏ ရလဒ်ဖြစ်ပြီး ပါတီတွင်း မမျှတမှုများရှိသော်လည်း အမျိုးသားစည်းလုံးညီညွတ်မှုကိုရှေးရှု၍ ရှေ့ဆက်သွားရာတွင် ALD ဖက်မှ တော်တော်ခံရသောကြောင့် သတင်းစာရှင်းပွဲလုပ်ရသည်ဟု ဦးမျိုးကျော်ကဆိုသည်။

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိတ်ကြိုက်ခန့်အပ်နိုင်ပြီး ယခင်ဆုံးဖြတ်ထားသည့်အတိုင်း အစိုးရအဖွဲ့တွင်ပါဝင်မည် မဟုတ်ကြောင်း ပြောကြားသည်။

ပါတီထုတ်ပြန်ချက်များနှင့်ပတ်သက်၍ "ကြေညာချက် ထုတ်ပြန်ချက်ဆိုတာ ပျော်လို့ လုပ်တာမှ မဟုတ်တာ။ လူတစ်ဦးတည်းရဲ့သဘောထားမဟုတ်ဘူး။ အစည်းဝေးတစ်ခု အထမြောက်နိုင်တဲ့ အင်အားစု တနည်းအားဖြင့် CEC အဖွဲ့နဲ့ ဆုံးဖြတ်ထားတာ ဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ကို ပါတီဝင်အားလုံး လိုက်နာဖို့လိုတယ်" ဟု ဒေါက်တာအေးမောင်ကဆိုသည်။

ရဟန်းသံဃာ၊ ပြည်သူလူထု ညီညွတ်မှုကြောင့် ထိုကဲ့သို့ စံချိန်ပုံမှန်ဝင်နေခြင်းဖြစ်ပြီး ညီညွတ်မှုအင်အားကိုဆက်ပြီးထိန်းထားချင်ကာ ထိုသို့ ထိန်းသိမ်းဖို့ဆိုလျှင် ပါတီတွင်း နိုင်ထက်စီးနင်းလုပ်တာထက် ညှိနှိုင်းခြင်းသာ ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု ဦးမျိုးကျော်က ပြောသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...