နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာနှင့် ဆမ်ငမ်ကျေးရွာကြားတွင်လည်းကောင်း၊ မန်တုံုမြို့နယ် ပန်ခါးကျေးရွာနှင့် ဆုုိင်းလိန်းကျေးရွာကြားတွင်လည်ကောင်း၊ကွတ်ခိုင်မြို့နယ် ဂျရမ်းကျေးရွာ အထက်တွင်လည်းကောင်း မတ် ၆ ရက် နံနက် ၈ နာရီခွဲမှစတင်၍ တုုိက်ပွဲဖြစ်ပွားခဲ့ပြီး ကွတ်ခုုိင်မြို့နယ် မိုု်င်းယုုလေးကျေးရွာ မုုိင်းယုုလေးရွာအနီး ဖြစ်ပွားခဲ့သော တုုိက်ပွဲသည် ယနေ့ မွန်လွဲပုုိင်း ၂ နာရီမှ ယခုု ၅ နာရီခွဲချိန်ထိ အစုုိးရ စစ်တပ်နှင့် ရင်ဆုုိင် တုုိက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟုု TNLA မှ ပြောရေးဆုုိခွင့်ရှိသူ မုုိင်အုုိက်ကျော်က ပြောသည်။
“ထိပ်တုုိက် ရင်ဆုုိင်တုုိက်ပွဲဖြစ်တာ။ တုုိက်ပွဲဖြစ်ပြီဆုုိရင်တော့ အစုုိးရဘက်က လက်နက်ကြီးနဲ့ အမြဲတမ်းပစ်တယ်။ ကျဆုံုးမှုက ခုုထိ ကျနော်တုုိ့ဘက် မရှိသေးဘူး။ ကျန်တဲ့နေရာမှာက နာရီဝက် တစ်နာရီလောက်ဘဲကြာတယ်။ ခုုနောက်ဆုံုးဖြစ်တာက မုုိင်းယုုလေးမှာ ဖြစ်တဲ့ တုုိက်ပွဲက ခုုထိ မပြီးသေးဘူး”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
TNLA ဘက်မှ ယခုုထိ ထိခုုိက်ကျဆုံုးမှု မရှိသော်လည်း ယနေ့ နံနက်ပုုိင်း နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တုုိက်ပွဲတွင် အစိုုးရ စစ်တပ်ဘက်မှ ၈ ဦး ကျဆုံုးမှု ရှိခဲ့သည်ဟုု သိရကြောင်း သူက ပြောသည်။
ရှမ်းပြည်နယ်ကျောက်မဲ၊ ကွပ်ခုုိင်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံု စသည့် တအာင်းတပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသများသုုိ့ ယခုုရက်ပုုိင်းအတွင်း အစိုုးရစစ်တပ်ဘက်မှ တုုိးမြင့်လာသူ အင်အား ၄၀၀၀ ကျော် ထပ်မံ တုုိးမြင့်မှုများ ရှိလာသဖြင့် တုုိက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခြင်းဖြစ်သည်။
မတ်လ ၅ ရက်ကလည်း နမ့်ဆန်မြို့နယ် ကုုန်းသာရွာအနီးတွင် တစ်ကြိမ်တုုိက်ပွဲ ဖြစ်ပွားခဲ့သည်။ အစုုိးရ စစ်တပ်နှင့် TNLA တပ်တုုိ့အကြား မတ်လအတွင်း နေ့စဉ် တုုိက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ တုုိက်ပွဲအကြိမ်ပေါင်း ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟုု မုုိင်းအုုိက်ကျော်က ပြောသည်။
တအာင်းဒေသအတွင်း မူလက အစုုိးရ၏ တပ်မတော် တပ်မ ၁၁၊ ၃၃၊ ၆၆၊ ရ၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ လှုပ်ရှားနေရာမှ ယခုု ရက်ပုုိင်းတွင် တပ်မ ၅၅၊ ၁၀၁နှင့် စကခ ၂၊ ရ၊ ၁၀ စသည့် တပ်မများမှ စစ်အင်အား ၄၀၀၀ ထက်မနည်း တုုိးချဲ့မှုများရှိလာသည်ဟုု TNLA မှ မတ်လ ၁ ရက်က ကြေငြာချက်ထုုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပုုိင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံု၊ နမ္မတူ၊ နမ့်ခမ်း၊ ကွပ်ခုုိင်စသည့် တအာင်းဒေသများအတွင်း မြန်မာတပ်မတော်မှ စစ်အင်အားတုုိးချဲ့ကာ ထုုိးစစ်အရှိန် ပုုိမုုိမြင့်တင်ခြင်းသည် မြန်မာပြည် ငြိမ်းချမ်းရေးကုုိ ဟန့်တားပျက်စီးစေသည့် လုုပ်ရပ်ဖြစ်သည်ဟုု သဘောထားထုုတ်ပြန်ထားသည်။
အစိုုးရဘက်မှ စစ်အင်အားတုုိးမြှင့်ကာ တုုိက်ပွဲများ ဖြစ်ပွားနေခြင်းသည် အစိုုးရဘက်မှ ငြိမ်းချမ်းရေးကုုိ တွေ့ဆုံုဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းလုုိသည့် ဆန္ဒ လျော့နည်းနေသည်ဟုု သံသယ ရှိလာသည်ဟုု ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုုဥက္ကဋ္ဌ နုုိင်ဟံသာက မဇ္စျိမကုုိ မကြာမီက ပြောဆုုိထားသည်။







