မန္တလေးတွင် ကျပ် ၃၆.၉ ဘီလီယံကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးဖမ်းမိ

မန္တလေးတွင် ကျပ် ၃၆.၉ ဘီလီယံကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးဖမ်းမိ
by -
မဇ္စျိမ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၁ လမ်း စံပြလမ်း နှင့် မင်္ဂလာလမ်း အကြားရှိ ခြံဝန်းအတွင်းတွင် မတ် ၅ ရက်နေ့ က မူးယစ်ဆေးဝါးများ ကာလ တန်ဖိုး ၃၆.၉ ဘီလီယံကျော်ဖမ်းဆီးရမိပြီး ခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊မြို့မ ရဲစခန်း မှသိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိထားသူ ၃ ဦးကို ပြည်ကြီးတံခွန်မြို့နယ်၊မြို့မရဲစခန်းမှ မယ(ပ)၁၂/၂၀၁၆၊မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၁၆(ခ) ဖြင့် အရေးယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊မြို့မ ရဲစခန်း မှသိရသည်။

ဖမ်းဆီးရမိထားသူသုံးဦးမှာ ကျော်သူမင်း(ယာဉ်နောက်လိုက်)၊ ဖိုးချမ်းနှင့်အောင်နိုင်(ယာဉ်မောင်း)တို့ ဖြစ်ပြီး အိမ်ရှင်ဖြစ်သည့် လျိုဇီရှောင်(ခ)အိုက်ပေါင်း(ခ)တာကေား(ခ)ကျော်ကျော်မှာ ထွက်ပြေး တိမ်းရှောင်နေခြင်းကြောင့် ဆက်လက်ဖမ်ဆီးရမိစေရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဖမ်းမိသည့် မူးယစ်ဆေးဝါးများမှာ wy စာတန်းပါ ပန်းရောင်ဆေးပြား ၆၇၀၇၈၀၀ပြား၊ice ၈၂ ကီလိုဂရမ် ၊ဘိန်းဖြူ ၁၅ ကီလိုဂရမ် နှင့် ဘိန်းစိမ်း ၁၃ ကီလိုဂရမ် တို့ဖြစ်ပြီး ခန့်မှန်းတန်ဖိုးကျပ် ဘီလီယံ ၃၆.၉ ကျော် နှင့်ကားလေးစီးတို့ ဖြစ်သည်ဟု ပြည်ကြီးတံခွန်မြို့နယ်၊မြို့မ ရဲစခန်းမှသတင်းထုတ်ပြန်ထားသည်။

``ခုဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးတွေက ပိုင်ရှင်မဲ့ မဟုတ်ပါဘူး ပိုင်ရှင်ရှိပါတယ် ။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေတယ်။"ဟု အမှတ်(၁၈)မူးယစ်တပ်ဖွဲ့မှ ရဲအုပ် ကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်နေဆဲဖြစ်သောကြောင့် အသေးစိတ် သတင်းမထုတ်ပြန်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မတ် ၆ ရက်နေ့တွင် တာဝန်မှူး ကျနေသူ ရဲဝန်ထမ်းတစ်ဦးကပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...