ကျောက်စိမ်း တရားမဝင် တူးဖေါ်မှုနှင့် ဆက်စပ်လျက် ကချင်ပြည်နယ် အစိုးရ အတွင်းရေးမှူးနှင့် ညွှန်ချုပ်များကို တာဝန်မှ ရပ်စဲ

ကျောက်စိမ်း တရားမဝင် တူးဖေါ်မှုနှင့် ဆက်စပ်လျက် ကချင်ပြည်နယ် အစိုးရ အတွင်းရေးမှူးနှင့် ညွှန်ချုပ်များကို တာဝန်မှ ရပ်စဲ
by -
မဇ္စျိမ
ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းများ တရားမဝင် တူးဖေါ်မှုနှင့် ဆက်စပ်လျက် ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး အပါအဝင် အကောက်အခွန် ညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားရေးမှူးချုပ်တို့ကို တာဝန်မှ ရပ်စဲလိုက်သည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က “ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးကို ကျွန်တော်တို့ ရာထူးက ထုတ်ပစ်လိုက်တာတော့ မှန်ပါတယ်” ဟု မဇ္ဈိမသို့ အတည်ပြုသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်၊ ဖားကန့် ဒေသ ရှိ ကျောက်စိမ်း တူးဖော်ရေးဒေသသို့ တရုတ်နိုင်ငံမှ မြေသယ်ယာဉ်နှင့် စက်ယန္တရားကြီး အမြောက် အမြား ၀င်ရောက်လာမှုကို စုံစမ်းစစ်ဆေးရန် သမ္မတက ညွှန်ကြားခဲ့သော်လည်း ထိရောက်သော အရေးယူမှု မရှိခဲ့သည့်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကို တာဝန်မှ အနားပေးခြင်းဟု အမည်မဖေါ်လိုသူ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ အကောက်အခွန် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်တို့ကိုလည်း အနားပေးလိုက်ရာ "ရာထူးက အနားပေး တာတော့မှန်တယ်။ ပေးတဲ့အမိန့်စာလည်း ကျွန်တော်တို့ကိုယ်တိုင် ရုံးဖြန့်ဝေခြင်းမှာ ဖတ်လိုက်ရတယ်လေ။ ဒါပေမယ့် ဘာအကြောင်းအရာ ဆိုတာတော့ မဖော်ပြထားဘူး" ဟု စီးပွားကူးသန်းဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးဌာန အဖွဲ့ခေါင်းဆောင် ဦးမြင့်စိုးက မဇ္ဈိမသို့ ပြောသည်။

မတ်လ(၁)ရက်နေ့က နိုင်ငံတော် သမ္မတရုံးအမိန့်ဖြင့် အဆိုပါ ပုဂ္ဂိုလ်များကို ရာထူးမှ အနားပေးခြင်းဟုလည်း ဦးမြင့်စိုးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက လက်ရှိတွင် စစ်ဆေးနေဆဲ ဖြစ်သည့်အတွက် အသေးစိပ် အချက်အလက်များ ထုတ်ပြောနိုင်ခြင်း မရှိသေးကြောင်း မတ်လ(၂)ရက်နေ့က မဇ္ဈိမသို့ ပြောကြားထားသည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်းက လူအများ ဝေဖန်မှုခံခဲ့ရသည့် ဖားကန့် ကျောက်စိမ်း တူးဖော်ရေး ဒေသသို့ ကန်ပိုက်တီး လမ်းကြောင်းမှ မြေသယ်ယာဉ်များ၊ စက်ယန္တရားများ ၀င်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် ၀န်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

စုံစမ်းစစ် ဆေးမှုကို နိုင်ငံတော် သမ္မအမိန်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက် ဆောင်ရွက်ခြင်း ဖြစ်ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်သည့်အပြင် အကောက်ခွန်၊ စီးပွား/ ကူးသန်း၊ အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာန၊  အရာရှိများ ဆက်လက်၍ ရာထူးမှ အနားပေးခံရဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရာထူးမှ အနားပေးခံရသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်၏ နေရာတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်အဖြစ် ဗိုလ်ကြီးဟောင်း ဦးအောင်စိုးကို ယာယီ တာဝန်ပေးထားကြောင်း ၊ အကောက်ခွန်ညွှန်ချုပ် ဦးထွန်းသိန်း၏ နေရာတွင် မြန်မာ့အာမခံ လုပ်ငန်းမှ ညွှန်ချုပ်တစ်ဦးကို ယာယီ တာဝန်ပေးထား ကြောင်းလည်း သိရှိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...