တပ်မတော်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ရဲနှင့် ဒေသခံတို့ ပေါင်းပြီး ဘိန်းခင်းများ ဖျက်မည်

တပ်မတော်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ရဲနှင့် ဒေသခံတို့ ပေါင်းပြီး ဘိန်းခင်းများ ဖျက်မည်
by -
မဇ္စျိမ
ကချင်လူထုအခြေပြု ဘိန်းဖျက်အဖွဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်က ကချင်ဒေသတွင်း ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်ရာမှ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ကချင်လူထုအခြေပြု ဘိန်းဖျက်အဖွဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်က ကချင်ဒေသတွင်း ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်ရာမှ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)
တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ဘိန်းစိုက်တောင်သူများ ပူးပေါင်းကာ ကချင်ဒေသတွင်း စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများကို ဖျက်စီးသွားမည်ဟု တပ်မတော်ပိုင် မြဝတီသတင်းစာက မတ်လ ၃ ရက်တွင် ရေးသားထားသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီဒေသရှိ ဝေမိုးရွာနှင့် ထန်းမိုခမ်း ပတ်ဝန်းကျင်တွင်လည်း ဖေဖေါ်ဝါရီ ၂၉ ရက်တွင် တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ဘိန်းစိုက်ဧက ငါးဧကကို လူအင်အား ၃၅၀ ဖြင့်ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အလားတူ မတ်လ ၁ ရက်တွင် ထိန်းမိုခမ်းကျေးရွာတစ်ဝိုက်ရှိ ဘိန်းစိုက်ဧက ၁၂ ဧကကို အင်အား ၅၀၀ ဖြင့် ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။

အလားတူ ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအုပ်စု ခြောက်စုအတွင်း စိုက်ပျိုးထားသည့် ဘိန်းခင်း စိုက်ဧက ၆၅ ဧက ကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့သည်ဟု မတ်လ ၃ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ရေးသားထားသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်အထိ ပူတာအို၊ ဆွမ်ဘရာဘွမ်ဒေသ၊ ချီဖွေပန်ဝါဒေသ၊ မိုးမိတ်ဒေသ၊ တနိုင်းဒေသ၊ ဆဒုံး ကန်ပိုက်တီဒေသတို့တွင် စိုက်ပျိုးထားသည့် ဘိန်းခင်း စိုက်ပျိုးဧက ပေါင်း ၁၇၈၁ ဧက ကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်ဟုလည်း မြဝတီ သတင်းစာက ရေးသားသည်။

ရှမ်းပြည်နယ်အတွင်းတွင်မူ ၂၀၁၅-၂၀၁၆ ဘိန်းဖျက်ရာသီတွင် ဘိန်းခင်းစိုက် ဧကပေါင်း ၃၈၇၇ ဧက ကို ဖျက်ဆီးခဲ့သည်ဟုလည်း မတ်လ ၃ ရက်ထုတ် ကြေးမုံသတင်းစာတွင် ရေးသားထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...