အကောက်ခွန်ဦးစီးဌာန ညွန်ချုပ်အဆင့်အပါအဝင် ဝန်ထမ်း ၂၀ကျော် ရာထူးမှရပ်ကာ စစ်ဆေးခံနေရ

အကောက်ခွန်ဦးစီးဌာန ညွန်ချုပ်အဆင့်အပါအဝင် ဝန်ထမ်း ၂၀ကျော် ရာထူးမှရပ်ကာ စစ်ဆေးခံနေရ
by -
မဇ္စျိမ
ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့် အပါအဝင် ဝန်အထမ်း အချို့အား ရာထူးမှ ရပ်ဆိုင်းပြီး ၀န်ထမ်း (၂၀) ကျော်ကို စစ်ကြောရေး၌ ခေါ်ယူစစ်ဆေးလျက်နေကြောင်း သတင်းရရှိသည်။

ယင်းသို့ သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ၎င်းက ငြင်းဆိုခြင်းမရှိသော်လည်း လုပ်ငန်းမပြီးပြတ်သေးသည့်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြော၍ မရသေးကြောင်း ပြောသည်။

"စစ်ဆေးနေတဲ့ဟာတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ သူတို့ ဘဏ္ဍာရေးကို မေးတာကောင်းတယ်။ ဘာလုပ်တယ် ဘာလုပ်တယ်ဆိုတာတော့ မပြီးပြတ်သေးတော့ ထုတ်လို့မရဘူး။ အသေးစိပ်သိချင်ရင်တော့ ဘဏ္ဍာရေးကို မေးတာကောင်းတယ်"ဟု ဦးဇော်ဌေးက ပြောသည်။

ထိုသို့ ရာထူးမှ ရပ်ဆိုင်းခြင်း၊ ခေါ်ယူစစ်ဆေးခြင်းတို့နှင့် ပတ်သက်၍ သတင်းရသော်လည်း မည်သည့် အကြောင်း ကိစ္စကြောင့် ယခုကဲ့သို့လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သူများပါဝင်သည်ကို တရားဝင် အမိန့်မထုတ်ပြန်သည့်အတွက် မသိရကြောင်း အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

"သတင်းတော့ရတယ်။ ဒါပေမယ့် ကောလလာဟလလား ဘာလားတော့မသိဘူး။ ဝန်ထမ်းတွေဘာတွေ ဘယ်သူဘာတွေပါတယ်ဆိုတာ အတိအကျက အမိန့်မထွက်တော့ ကျွန်တော်တော့ မသိဘူး။ ခုဟာက အတည်ဖြစ်သလား ဘာလား အမိန့်မထွက်တော့ ပြောလို့မရဘူး။ အမိန့်ထွက်ရင်တော့ တိတိကျကျ ပြောလို့ရတာပေါ့"ဟု ဦးကျော်ဝင်းက ပြောသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...