ကရင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်

ကရင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်
by -
မဇ္စျိမ
လက်နက်ကိုင် ပဋိပက္ခများ မဖြစ်ပွားရေးအတွက် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ကရင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကို KNLA ဌာနချုပ် လေးဝါးစခန်း တွင် ပြုလုပ်ခဲ့ ကြောင်း ကရင်အမျိုး သားအစည်းအရုံးထံမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

" ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကာလမှာ လက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ရေးအတွက် ဆွေးနွေးတာပါ။ အခု KNUရဲ့ သွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူဖို့အတွက် ပြီးတော့ စစ်ရေးဦးဆောင်မှုကို လည်း  ခံယူဖို့အတွက် ဆွေးနွေးတော့ အကုန်လုံးက အဲလိုပဲ လက်ခံကြပါတယ်" ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အဖွဲ့အစည်းအသီးသီး၏ ရပ်တည်ချက်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်းလည်း ၎င်းက ဆိုသည်။

မကြာခင်ကမှ ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗိုလ်မှူးကျော်သက်၊ ဗိုလ်မှူး ဆန်းအောင်တို့ ဦးဆောင်သည့်  တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်အမျိုးသားတပ်မတော် (DKBA) နှင့် ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နှင့် ကရင်ငြိမ်း ချမ်းရေး ကောင်စီ ( KNU/KNLA - PC)  မှ  ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ၊ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ပဒိုကွယ်ထူးဝင်း၊ ပဒိုသောသီဘွဲ၊ ပဒို အောင်မော်အေးတို့လည်း တက်ရောက်ခဲ့ကြသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...