ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အနှေး နှင့် အမြန်သာကွာမည်ဟု ဦးဝင်းထိန်ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အနှေး နှင့် အမြန်သာကွာမည်ဟု ဦးဝင်းထိန်ပြော
by -
မဇ္စျိမ
ဓာတ်ပုံ - နေသာ
ဓာတ်ပုံ - နေသာ
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန်အတွက် အချိန် အနှေးနှင့်အမြန်သာ ကွာခြားမည်ဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်အဖွဲ ့ဝင်ဖြစ်သူ ဦးဝင်းထိန်ကပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ ့အလိုက် အစည်းအဝေး စတင်ကျင်းပရန် မတ် ၁၇ ရက်နေ ့အစား အမတ်လ ၁၀ ရက်နေ့သို ့ ပြောင်းလဲ သတ်မှတ်လိုက်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေ ရှိသေးလားဟု သတင်းထောက်များက မေးမြန်းရာ ယခုကဲ့သို ့ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့် ကိစ္စက ဖြစ်ကိုဖြစ်မှာ ရွှေ ့တာ မရွှေ ့တာနဲ့ ဘာမှမဆိုင်ဘူး နှေးတာနဲ ့မြန်တာ ဒီနှစ်ခုပဲကွာမယ် ” ဟု ဦးဝင်းထိန်ကပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင် အစိုးရဖွဲ ့နိုင်ကာ သမ္မတ တင်မြှောက်ခွင့်ရရှိသည်အထိ ရွေးကောက်ပွဲတွင်အနိုင်ရရှိ ထားခဲ့သော်လည်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် နိုု်င်ငံတော်အကြီးအကဲ သတ်မှတ်ချက် ဖွဲ ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) နှင့် မကိုက်ညီသည့်အတွက် သမ္မတ ဖြစ်နိုင်မည်မဟုတ်ပေ။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...