လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ မှန်ကန်ခိုင်မာပြီး ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု၊ အတွေ့အကြံုဖလှယ်မှုများ တိုးတက်လာစေရေးနှင့် ဒီမိုကရေစီစနစ်ပိုမိုဖြစ်ထွန်းလာစေရေးနှင့် ဒီမိုကရေစီစနစ် ပိုမိုဖြစ်ထွန်းလာစေရေးအတွက် လုပ်ငန်းအစီအစဉ်များချမှတ်နိုင်ရန် MPUကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
အဖွဲ့ဝင်ဦးရေ ၁၈ဦးဖြင့် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(MPU)ကို ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ထမ်းဆောင်မှုသက်တမ်းနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခွင့်ရှိသည်။
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(MPU)၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးအေးသာအောင်က တာဝန်ယူမည်ဖြစ်သည်။
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(MPU)တွင်ပါဝင်သည့် အဖွဲ့ဝင်(၁၈)ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။
၁) မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်နာယက(ဥက္ကဋ္ဌ)
၂) ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ဒုတိယဥက္ကဋ္ဌ)
၃) ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ(အဖွဲ့ဝင်)
၄) ဦးထွန်းတင်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၅) ဦးလှထွေး၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၆) ဦးစောချစ်ခင်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၇) ဦးဇိုဘွဲ့၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၈) ဦးသန်း၊ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၉) ဦးခင်မောင်အေး၊ တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၀) ဦးခင်မောင်ရင်၊ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၁) ဦးတာ၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၂) ဦးအောင်ကျော်ဦး၊ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၃) ဒေါ်တင်အိ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၄) ဦးစံကျော်လှ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၅) ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၆) ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၇) ဦးအောင်ကျော်ခိုင်၊ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ(အဖွဲ့ဝင်)
၁၈) ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက(အတွင်းရေးမှူး)







