ရန်ကုန်ဆေးရုံကြီးအနီး မြေကွက်ကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီအား နှစ် ၅၀ အငှားချထား

ရန်ကုန်ဆေးရုံကြီးအနီး မြေကွက်ကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီအား နှစ် ၅၀ အငှားချထား
by -
မဇ္စျိမ
ဓါတ်ပုံ-MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး။ photo - The Mirror
ဓါတ်ပုံ-MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး။ photo - The Mirror
စင်ကာပူနိုင်ငံအခြေစိုက် ပတ်ခ်ဝေးဆေးရုံအုပ်စု ပါ၀င်သည့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီအား နိုင်ငံတကာ အဆင့်မီ ဆေးရုံ တည်ဆောက်ရန် ဗိုလ်ချုပ်လမ်းထောင့်နှင့် ဘုန်းကြီးလမ်းထောင့်ရှိ မြေဧက ၄ ဒဿမ ၄ ဧကအား နှစ် ၅၀ အငှားချထား သည်ဟု သိရသည်။

ပတ်ခ်ဝေးဆေးရုံအုပ်စုနှင့် မြန်မာနိုင်ငံသားများ ဖက်စပ်ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံခြားသားက ၆၇ ဒဿမ ၅ ရာခိုင်နှုန်း၊ မြန်မာက ၃၂ ဒဿမ ၅ ရာခိုင်နှုန်း ထည့်ဝင်ထားသည်ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ကြေးမုံ သတင်းစာသို့ ပြောကြားသည်။

ဖက်စပ်ထူထောင်ပြီးနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သို့ ၂၀၁၅ ခု အောက်တိုဘာတွင် အဆိုပြုတင်ပြခဲ့ပြီး ၂၀၁၆ ခု ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုမိန့် ထုတ်ပေးလိုက်ကြောင်း သိရသည်။

"ဒီဆေးရုံဆောက်မယ့်မြေကို နိုင်ငံခြားဖက်စပ်ကုမ္ပဏီကို အပြီးပေးလိုက်ခြင်း မဟုတ်ပါဘူး။ နှစ် ၅၀ ငှားရမ်းခြင်းဖြစ်ပါတယ်။ နှစ် ၅၀ ပြည့်သွားရင် နိုင်ငံတော်လက်ထဲ ကို ပြန်ရောက်လာ မှာဖြစ်ပါတယ်။" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မြေအသုံးချခွင့်အတွက် တစ်ဧက ကန်ဒေါ်လာ နှစ်သန်းနှုန်းဖြင့် စုစုပေါင်း ၄ ဒဿမ ၄ ဧကအတွက် ရှစ်သန်းကျော် ရရှိသည်ဟု သိရသည်။ အဆောက်အအုံ၏ ကြမ်းခင်းဧရိယာပေါ်မူတည်ပြီး ငှားရမ်းခများလည်း နှစ်စဉ် ရရှိမည်ဟု ဆိုသည်။

ရန်ကုန်ဆေးရုံကြီး အနီးတည်ဆောင်မည့် ယင်းစီမံကိန်း၌ ဖက်စပ်ပါ၀င်သည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်များမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ဖော်ထုတ်ပြောဆိုသွားခြင်း မရှိပါ။

ယခုတည်ဆောက်မည့် မြေနေရာသည် မူလက"ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ" မဟုတ်ဘဲ "ပြည်ထဲရေးဝန်ကြီးဌာနပိုင် သည့်မြေ" ဖြစ်သည်ဟု ဆိုသည်။ သို့သော် ၀န်ကြီးဌာနအချင်းချင်း လွှဲပြောင်းခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

MIC အနေနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီသာမက၊ ပွင့်လင်းမြင်သာမှုကို အမြဲတမ်းဦးစားပေးဆောင်ရွက်သည်ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသွားသည်။

ဓါတ်ပုံ-MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး။ photo - The Mirror

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...