ဦးအောင်မင်းအား ငြိမ်းချမ်းရေးတွင် ဆက်လက် လုုပ်ဆောင်ရန် ပြည်ထောင်စုုအင်စတီကျူအဖွဲ့က တုုိက်တွန်း

ဦးအောင်မင်းအား ငြိမ်းချမ်းရေးတွင် ဆက်လက် လုုပ်ဆောင်ရန် ပြည်ထောင်စုုအင်စတီကျူအဖွဲ့က တုုိက်တွန်း
by -
မဇ္စျိမ
ဓာတ်ပုံ - ဖနိဒါ
ဓာတ်ပုံ - ဖနိဒါ
 ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုုပ်ငန်းကော်မတီ (UPWC) ဦးအောင်မင်းအား တက်လာမည့် အစိုုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေးတွင် ပါဝင် လုုပ်ဆောင်ရန် ပြည်ထောင်စုု အင်စတီကျူအဖွဲ့ (Pyidawngsu  Institute )က တုုိက်တွန်းခဲ့သည်ဟုု ပြည်ထောင်စုု သိပ္ပံအဖွဲ့မှ ဒါရုုိက်တာ ဦးခွန်ဆုုိင်းက ပြောသည်။

“ဒီစေ့စပ်ဆွေးနွေးဖုုိ့ လုုပ်တယ်ဆုုိတာက လူပုုဂ္ဂိုလ်ချင်း ရင်းနှီးပြီးတော့ လုုပ်ရတာ ပုုိလွယ်တာကိုုးဗျ၊ မရင်းနှီးဘူး ဆုုိရင် ဦးအောင်မင်းနဲ့ ကျနော်တိုု့က ပြီးခဲ့တဲ့ ၅ နှစ်မှာတွေ့ကြတာဘဲ။ အရင်က လုံုးဝ မသိဘူး။ မသိတဲ့အခါကျတော့ သူလည်း ကုုိယ်နဲ့ လာဆက်ဆံရတာ ဒုုက္ခရောက်တယ်။ ကုုိယ်လည်း သူနဲ့ဆက်ဆံရတာ ဒုုက္ခရောက်တယ်။ ဒါပေမယ့် နောက်ပုုိင်းကျတော့ အချင်းချင်း ရင်းနှီးလာတဲ့ အခါကျတော့ ပြောမနာ ဆုုိမနာ ဖြစ်လာပြီးတော့ မူချင်းမတူတာတောင်မှ ဆက်ပြီးတော့မှ ဆွေးနွေး လုုိ့ ရတယ်။ ဒါကြောင့်မလိုု့ ဝန်ကြီးကုုိ ဆက်လုုပ်ပါဆုုိပြီးမှ တုုိက်တွန်းတာပါဘဲ။ အစုုိးရထဲမှာဘဲ ရှိရှိ၊ မရှိရှိ ဆက်လုုပ်ဖုုိ့ပါဘဲ”ဟုု ဦးခွန်ဆိုင်း ကပြောသည်။

ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်သော အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်(NLD)သည်လည်း အာဏာလွဲပြောင်းရေးကုုိ ဦးစားပေး လုုပ်ဆောင်နေချိန်ဖြစ်၍ ငြိမ်းချမ်းရေးလုုပ်ငန်းများ ပါဝင် လုုပ်ဆောင်နုုိင်ရေး ကြိုတင်ဆွေးနွေးထားခြင်း ဖြစ်ပြီး  ငြိမ်းချမ်းရေးလုုပ်ဆောင်ရာတွင် ပုုိမုုိလွယ်ကူရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟုု ဦးခွန်ဆုုိင်းက ပြောသည်။

“NLD အစုုိးရက အသစ်ထပ်ဖွဲ့မယ်ဆုုိရင် ကျနော်တိုု့ အသစ်ပြန်စရမယ်။ ဘာဖြစ်လုုိ့လည်းဆုုိတော့ သူတိုု့ဖွဲ့တဲ့အဖွဲ့နဲ့ ကျနော်တိုု့ သိမှာ မဟုုတ်ဘူး။ မသိတဲ့အခါကျတော့ ဒီကိစ္စမှာ အများကြီး နောင့်နှေး မှုတွေ ဖြစ်လာနုုိင်တယ်။ ဒီတော့ တကယ်လိုု့ လုုပ်လက်စ ပုုဂ္ဂိုလ်တွေက ဆက်ပြီးတော့ ပါဝင်ကူညီပေးမယ်ဆုုိရင် ပုုိပြီးတော့ အဆင်ပြေသွားနုုိင်တာကုုိ ပြောတာပါဘဲ”ဟုု သူက ပြောသည်။

ဦးအောင်မင်းအနေဖြင့် ငြိမ်းချမ်းရေးတွင် ဆက်လက် လုုပ်ဆောင်မည်ဟုု ပြောဆုုိခြင်း မရှိသော်လည်း ပြည်ထောင်စုုအင်စတီကျူအဖွဲ့ (Pyidawngsu Institude) အနေဖြင့် တက်လာမည့် အစုုိးရသစ်ကုုိလည်း တင်ပြသွားရန် ရှိသည်ဟုု သူက ပြောသည်။

UPWC မှ ဦးအောင်မင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)မှ ဦးလှမောင်ရွှေ၊ ဦတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့ ရ ဦးနှင့် ပြည်ထောင်စုု အင်စတီကျူမှ ဒါရုုိ်က်တာ ဘုတ်အဖွဲ့များဖြစ်သော ဦးခွန်ဆုုိင်းနှင့် စောထူးထူးလေးတုုိ့ တွေ့ဆုံုဆွေးနွေးစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အစုုိးရသစ် လက်ထက် ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်တွင် ပြည်ထောင်စုု အင်စတီကျူနှင့် MPC တိုု့ ရှေ့ဆက် ပူးပေါင်း လုုပ်ဆောင်ရမည့် လုုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“ဒီအစိုုးရ လုုပ်မယ့်ကိစ္စ၊ သူတုုိ့ ပီအုုိင်အနေနဲ့ သူတိုု့ ရှေ့မှာ လုုပ်ဖုုိ့ စဉ်းစားထားတဲ့ကိစ္စ၊ ကျနော်တိုု့နဲ့လည်း ဘယ်လုုိ တွဲပြီးလုုပ်နုုိင်တဲ့ကိစ္စ အမြင်ဖလှယ်တာပါဘဲ။ သူတိုု့ကတော ့အတတ်နုုိင်ဆုံုး အစိုုးရအဖွဲ့မှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုုပ်စေချင်တာ၊ တုုိက်တွန်းချင်တာတော့ အမှန်ပါဘဲ။ ဦးအောင်မင်းကတော့ တတ်နိုင်သလောက် ကြိုးစားလုုပ်မယ် လုုိ့တော့ ပြောသွားတယ်”ဟုု သူက မဇ္စျိမကုုိ ပြော သည်။

တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများဘက်မှ ငြိမ်းချမ်းရေးလုုပ်ငန်းများ ဖော်ဆောင်နုုိင်ရန်အတွက် ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ၂၀၁၄ ခုုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က ပြည်ထောင်စုု အင်စတီကျူ (Pyidawngsu Instidude-PI) ကုုိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ၃ ရက်ကြာ ခရီးစဉ်တွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တုုိင်းရင်းသားများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ခေါင်းဆောင်များနှင့် ၂၂ ရက်က တွေ့ဆုံုဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - ဖနိဒါ

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...