ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ လက်နက်ဖြင့်ပစ်ခတ်ခံရကာ ၁၈ ဦး ဒဏ်ရာရ

ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ လက်နက်ဖြင့်ပစ်ခတ်ခံရကာ ၁၈ ဦး ဒဏ်ရာရ
by -
မဇ္စျိမ
လူထုုအခြေပြု ကချင်မူးယစ်ဝါးတုုိက်ဖျက်ရေးအဖွဲ့ နှစ်ဖွဲ့ကုုိ ဘိန်းစုုိက်ပျိုးသူများက လက်နက်နှင့် ပစ်ခတ် တုုိက်ခုုိက်ခဲ့သဖြင့် အနည်းဆုံုး လူ ၁၈ ဦး ထိခုုိက်ဒဏ်ရာ ရရှိခဲ့ပြီး လူတစ်ချို့ တောထဲတွင် ပျောက်ဆုံုးနေသည်ဟုု အခင်းဖြစ်ပွားသည့် နေရာသုုိ့ သွားရောက်နေသူ မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့က တာဝန်ခံ ဆရာဆန်လီက ပြောသည်။

pja sumla ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပုုိင်းတွင် ဝုုိင်းမော်မြို့နယ် ဆဒုံုးမှ ၄၅ မိနစ်ခန့်သွားရသော မဂါးကျေးရွာတွင် ဘိန်းခင်းများ ဖျက်ဆီးနေသော ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ ၂ ဖွဲ့ ဘိန်းစုုိက်ပျိုး သူများ၏ ကြေးစားဟုုဆုုိသော လူတစ်စုုက တူမီး သေနပ်နှင့် ဗုံုးများဖြင့် ပစ်ခတ် ခံရခြင်း ဖြစ်သည်။

“၂၄ ရက်က ကျနော်တိုု့ မူးယစ်ဆေးဝါး ဘိန်းဖျက်ဖိုု့သွားတဲ့ အဖွဲ့ ၂ နဲ့ အဖွဲ့ ၄ ကုုိ ဆဒုံုးမြို့နဲ့ ၄၅ မိနစ်လောက်မှာရှိတဲ့ မဂါးကျေးရွာမှာ ခန့်ထားတဲ့ ကြေးစားလူမုုိက်တွေ ဖြစ်မယ်။ ခန့်မှန်းရတဲ့လူတွေက ကျနော်တိုု့ကို လက်ပစ်ဗုံုးတွေ၊ သေနတ်တွေနဲ့ ပစ်ပြီးတော့ ခြောက်တဲ့အတွက် ၁၈ ယောက် ဒဏ်ရာရတယ်။ တချို့ တောထဲမှာ ပျောက်နေလိုု့ လုုိက်စုုနေတယ်။ နောက်တန်းကကျန်တဲ့လူတွေက ပြန်ပြီး စစ်ကူသွားဖုုိ့ လုုပ်တေယ်”ဟုု ဆရာ ဆန်လီက မဇ္စျိမကုုိ ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က ဝုုိင်းမော်မြို့နယ် ဆံဒုံု၊ ချီဖွ လမ်းဆုံုမှ စတင်ထွက်ခွာခဲ့သော ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ ထွက်ခွာခဲ့ရာ ဘိန်းခင်းများ စတင်ဖျက်ဆီးမှု စတင်ချိန် ဘိန်းစုုိက်ပျိုးသူများက တားဆီး ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထုုိမူးယစ်ဆေးဝါးတိုုက်ဖျက်ရေစအဖွဲ့ တစ်ဖွဲ့လျှင် အင်အား ၃၀၀ ကျော် ပါဝင်ပြီး အဖွဲ့နှစ်ဖွဲ့တွင် အင်အား ၆၀၀ ကျော် သွားရောက်ခဲ့ရာ ဘိန်းခင်းပုုိင်ရှင်များက တားဆီး ပစ်ခတ်ခံရခြင်း ဖြစ်သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...