တရားမဝင် တူမီးသေနတ် ၁၀၀ ကျော် လာရောက်အပ်နှံ

တရားမဝင် တူမီးသေနတ် ၁၀၀ ကျော် လာရောက်အပ်နှံ
by -
မဇ္စျိမ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူး မြို့နယ်တွင်   ဖေဖော်ဝါရီ ၁၆ ရက်နေ့က မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ နယ်မြေအတွင်း တရားမဝင် တူမီးသေနတ် ကိုင်ဆောင်မှု မရှိစေရေးအတွက် ဆောင်ရွက်ရာ တရားမဝင်တူမီးသေနတ် ၁၀၀ ကျော်အား လာရောက်အပ်နှံထားကြောင်း ပင်လည်ဘူးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန်ထိ လာရောက် အပ်နှံဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့အထိ တူမီးသေနတ် ၁၀၇ လက် လာရောက်အပ်နှံခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဘန့်ဘွေ့ကုန်းအုပ်စု၊ ကုန်းကြီးရွာမှ ၆ လက်၊ ရေယွန်းပစ်ရွာမှ ၅ လက်၊ ရွာသစ်ကုန်းရွာမှ ၅ လက်၊  နောင်တော်အုပ်စု၊ ပလပတောင်ရွာမှ ၁၀ လက်၊ ကညင်ကုန်းအုပ်စု၊ သစ်ဖြူကျင်းရွာမှ ၉ လက်၊ ကညင်ကုန်ရွာမှ ၁၂ လက်၊ ချင်ကုန်းရွာမှ ၅ လက်၊ကတက်အုပ်စု၊ ကတက်ရွာမှ ၆ လက်၊ ပင်းမောင်အုပ်စု၊ မန်ကျီးကုန်းရွာမှ ၁၀လက်၊ မန်ကျီးပင်အုပ်စု၊ မန်ကျီးပင်ရွာမှ ၄ လက်၊ ဥသျှစ်ပင်ရွာမှ ၃ လက်၊ မိုင်းတုံတောကြီးအုပ်စု၊ မိုင်းတုံတောကြီးကျေးရွာမှ ၁၉ လက်၊ မိုင်းတုံတောလေးကျေးရွာမှ ၁၃ လက်၊ စုစုပေါင်း ၁၀၇ လက်အား လာရောက် အပ်နှံခဲ့ကြခြင်းဖြစ်သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...