လူထုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသော်လည်း ဆက်လက် ထွက်ခွာမည်

လူထုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသော်လည်း ဆက်လက် ထွက်ခွာမည်
by -
မဇ္စျိမ
ဓာတ်ပုံ - Khon Ja
ဓာတ်ပုံ - Khon Ja
တားဆီးခံနေရသော လူထုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေး (Pat Jasan-PJS)အဖွဲ့မှ လူအင်အား ၁၀၀၀၀ ခန့်သည် အာဏာပုုိင်များ၏ ခွင့်ပြုချက် မရသော်လည်း ယနေ့ ဖေဖော်ဝါရီ  ၂၃ ရက် မွန်းလွဲပုုိင်း၂ နာရီတွင် ချီဖွေဒေသသို့ စတင်ထွက်ခွာရန် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ လူငယ်များလည်း ယနေ့ နံနက် ၁၁ နာရီတွင် စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် လူစုုစည်းကာ တားဆီး ပိတ်ပင်ခံနေရသော နေရာသုုိ့ သွားရောက် အင်အားဖြည့်တင်းကာ စတင် ထွက်ခွာကြမည် ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ အထွေထွေအတွင်းရေးမှူး ဆရာကြီး ခလမ်ဆမ်စွန်က မဇ္စျိမကုုိ ပြောသည်။

ဝုုိင်းမော်မြို့နယ် ဆဒုံုး၊ ကန်ပုုိင်တီ၊ ချီဖွေမြို့နယ်ခွဲ ဒေသများတွင် သောင်းနှင့်ချိီသော ဘိန်းခင်းများ ဖျက်ဆီးရန် ထွက်ခွာခဲ့သော ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့အင်အား ၃၀၀၀ ခန့်ကုုိ ဝုုိင်းမော် မြို့နယ် ဆဒုံုး၊ ချီဖွေကားလမ်းဆုံုဂိတ်မှ အစုုိးရ စစ်တပ်မှ ဖေဖော်ဝါရီလ ၁၆ ရက်မှ ယနေ့ထိ ဖြတ်သန်းခွင့် မပေးဘဲ တားဆီးခဲ့ခြင်း ဖြစ်သည်။

“၂ နာရီမှာစထွက်မယ်။ ခွင့်ပြုချက်က မရှိပါဘူး။ ညှိတော့ ညှိနှိုင်းနေပါတယ်။ မဖြစ်နုုိင်ဘူးထင်ပါတယ်။ ဒါအားလုံုး ပါဝင်ရမဲ့ လုုပ်ငန်းဖြစ်နေတာ။ ဒါကုုိ ပိတ်ပင်တားဆီးတယ်ဆုုိရင်တော့ တမျိုး ဖြစ်သွား မှာပေါ့။ အခုုလည်း ရဲမင်းကြီးနဲ့ ဆွေးနွေးဖုုိ့ သွားနေပါတယ်”ဟုု ဆရာကြီး ခလမ်ဆမ်စွန်က ပြောသည်။

ဘိန်းခင်းများ သွားရောက် ဖျက်ဆီးရန် ခွင့်ပြုချက် ရရှိရေးအတွက် PJS အဖွဲ့ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံုရန် သွားရောက်နေဆဲ ဖြစ်ကြောင်း ခွင့်ပြုချက်မရရှိသော်လည်း စတင်ထွက်ခွာမည် ဖြစ်ကြောင်း သူက ပြောသည်။

ဘိန်းစုုိက်သူများနှင့် ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့တုုိ့ တားဆီးခြင်းမဟုုတ်ဘဲ ပဋိပက္ခ မဖြစ်ပွားစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုု မြောက်ပုုိင်းတုုိင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၇ ရက်က ပြောဆုုိထားသည်။

လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့သည် ၂၀၁၆ ခုုနှစ် ဇန်နဝါရီ ၅ ရက်မှ စတင်၍ ကချင်ပြည်နယ် ပူတာအုုိ၊တနုုိင်(ဟူးကောင်း) ချီဖွေ၊ ကန်ပုုိင်တီ ဒေသများရှိ ဘိန်းခင်း ဧက ၃၀၀၀ ကျော်ကုုိ ဖျက်ဆီးနုုိင်ခဲ့ပြီး ဖြစ်သော်လည်း ကန်ပုုိင်တီ၊ ချီဖွေဒေသများတွင် ဘိန်းခင်း အများအပြား ဖျက်ဆီးရန် လိုုအပ်နေသေးသဖြင့် ထပ်မံ သွားရောက် ဖျက်ဆီးရန် လုုပ်ဆောင်မှုကုုိ တားဆီးခံနေရခြင်း ဖြစ်သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...