ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖိုရမ် သမ္မတရုံးတိုက်ရိုက်ညွှန်ကြားချက်ကြောင့် ပြုလုပ်ခွင့်မရ

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖိုရမ် သမ္မတရုံးတိုက်ရိုက်ညွှန်ကြားချက်ကြောင့် ပြုလုပ်ခွင့်မရ
by -
မဇ္စျိမ
ဓာတ်ပုံ-ကျော်ထင်အောင်
ဓာတ်ပုံ-ကျော်ထင်အောင်
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်မှ ၁၉ ရက်ထိ နှစ်ရက်တာကျင်းပရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖိုရမ်အား နိုင်ငံတော်သမ္မတရုံး တိုက်ရိုက်ညွှန်ကြားချက် ဟုဆိုကာ ကျင်းပခွင့်ပိတ်ခံရကြောင်း စီစဉ်သူများက ပြောကြားသည်။

''ကျွန်တော့်ကိုခေါ်ပြီး သမ္မတရုံးက တိုက်ရိုက်ညွှန်ကြားလို့ လုပ်ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဘာကြောင့်လဲတော့မပြောဘူး။ သမ္မတရုံးအမှတ်လည်း မပြောဘူး။ ရုံးကခွင့်မပြုကြောင်း ထုတ်တဲ့ စာပေးပါဆိုတော့လည်း မပေးနိုင်ဘူး။ နယ်လုံဝန်ကြီးကနေတဆင့် ခရိုင်အုပ်ချုပ်ရေးမှူးက တားတာပါ။'' ဟု ဖိုရမ်ကျင်းပရန် စီစဉ်သည့် ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) တာဝန်ခံ ဦးဗညားက မဇ္စျိမသို့ ပြောသည်။

ဖိုရမ်သို့ ဦးဆောင်ဆွေးနွေးသူအဖြစ် ဖိတ်ကြားခံရသည့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ကိုကျော်ထင်အောင်က ကျင်းပခွင့်ရရန် သတ်မှတ်လျှောက်ထားသည့် ပုံစံအတိုင်းလျှောက်ထားပြီး   မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ တစ်ဦး လာရောက်ဆွေးနွေးရန် ပြောထားကာ (MPC) အနေဖြင့် သဘောတူထားပြီးဖြစ်သည်ဟ ုပြောသည်။

''ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ဖိတ်ထားတယ်၊ ဖိတ်စာတွေလည်း အကုန်ဖိတ်ထားတယ်၊ (FED) ရုံးတာဝန်ခံ ကိုဗညားကို ခေါ်ပြောတယ်။ သမ္မတရုံးက တိုက်ရိုက်ညွှန်ကြားချက်ကြောင့် မကျင်းပဖြစ်တော့ဘူး ဆိုပြီး ဒီမနက် ပွဲတက်ရောက်လာတဲ့ လူတွေကို ဆရာထူးချစ်နဲ့ ကိုဗညားကရှင်းပြတယ်။ ဦးဆောင် ဆွေးနွေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့အကြံပေး ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဆရာဒယ်နီယယ်နဲ့ မြို့နယ် (၇) မြို့နယ်က တက်ရောက်လာတဲ့ ကိုယ်စားလှယ် တစ်ရာကျော်ပြန်သွားရတယ်။'' ဟု ၄င်းကဆိုသည်။

ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဆိုင်ရာ လူထုပညာပေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိုလုပ်ငန်းများမှ ဆွေးနွေးအကြံပြုချက်များစုစည်းပြီး နှစ်ရက်တာဖိုရမ်တစ်ရပ် ကျင်းပရန် စီစဉ်ထားခြင်းကို နိုင်ငံတော် သမ္မတရုံးတိုက်ရိုက်ညွှန်ကြားချက်ကြောင့် ဖျက်သိမ်းလိုက်ကြောင်း ယနေ့ အသိပေးစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးထံသို့ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ''အပေါ်ကညွှန်ကြားလို့ပါ။ သမ္မတရုံးက ညွှန်ကြားလို့ပါ။ ရုံးအမှတ်လည်း မသိပါဘူးခင်ဗျာ။ အပေါ်ကညွှန်ကြားလို့ လုပ်ရတာ ညီလေးတို့ ရေးရင်မှားကုန်မှာစိုးလို့ ရုံးကိုလာခဲ့ပါ။ ပြောပြပါမယ်။'' ဟု မဇ္စျိမသို့ပြောသည်။

ဓာတ်ပုံ-ကျော်ထင်အောင်

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...