တပ်မတော်သင်တန်းသားအချင်းချင်းပြင်းထန်စွာ အပြစ်ပေးမှုကို တပ်စည်းမျဉ်းဥပဒေဖြင့် အရေးယူမည်

တပ်မတော်သင်တန်းသားအချင်းချင်းပြင်းထန်စွာ အပြစ်ပေးမှုကို တပ်စည်းမျဉ်းဥပဒေဖြင့် အရေးယူမည်
by -
မဇ္စျိမ
လူမှုကွန်ရက်တွင ်ပျံ့နှံ့ခဲ့သော တပ်မတော် သင်တန်းကျောင်း တစ်ခု၌ သင်တန်းသား အချင်းချင်း ပြင်းထန်စွာ အပြစ်ပေးမှုကို တပ် စည်းမျဉ်း ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းမီဒီယာမှတဆင့် တရားဝင် ထုတ်ပြန်လိုက်သည်။

အဖြစ်မှန်သိရှိရန်အတွက် သက်ဆိုင်ရာ တပ်မတော် သင်တန်းကျောင်းသို့ ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဦးစီးသော စုံစမ်း စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးခဲ့ရာ   ဖြစ်စဉ်မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများနှင့် တာဝန်ရှိသူများကို တပ်မတော်၏ စည်းမျဉ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြောဖြစ်သဖြင့် စစ်စည်းကမ်းနှင့် ပတ်သက်ပြီး လိုက်နာ လုပ်ဆောင်ရမည့် တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်   ညွှန်ကြားချက်များ ကိုလည်း   တိကျစွာ ပြဋ္ဌာန်း သတ်မှတ် ထားရှိပြီးဖြစ်သည့်အပြင် တပ်မတော်အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ်မှုအတွက် အုပ်ချုပ်မှု ညီညွတ်မျှတစေရေးကိုလည်း အလေးထား   ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ပိုင် သတင်းမီဒီယာက ဖော်ပြထားသည်။

အဆိုပါ တပ်မတော် သင်တန်းသားအချင်းချင်း ပြင်းထန်စွာ အပြစ်ပေးနေသည့် ဗီဒီယိုမှတ်တမ်း ဖိုင်သုံးခု ဖေ ဖေါ်ဝါရီ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံခဲ့ပြီး ယင်းဗီဒီယို ဖိုင်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ အနေဖြင့်လည်း ဝေဖန်သုံးသပ်ချက်များစွာ ဖော်ပြခဲ့ကြသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...