NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ စိုးရိမ်

NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ စိုးရိမ်
by -
မဇ္စျိမ
အစိုးရဘက်မှ လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အကျပ်အတည်းဖြစ်စေပြီး အမျိုးသားဒိီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဗန်းပြကာ မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲများ ဖန်တီးလာမည်ကို စိုးရိမ်ကြောင်း ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က  ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

 ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကျင်းပသော ပထမနေ့ UNFC ၏ အရေးပေါ် အစည်းအဝေးတွင် နုုိင်ဟံသာက သတင်းထောက်များအား ပြောဆုုိခဲ့ခြင်း ဖြစ်သည်။

“အန်အယ်ဒီအစုုိးရတက်လာရင် အများစုုကလက်ခံတဲ့ အစုုိးရ ဖြစ်တယ်။ အဲဒီအစုုိးရကုုိ သူတုုိ့ဗန်းပြပြီးတော့ စစ်ရေးမှာ သူတိုု့ လိုချင်တဲ့ ပုံစံလုပ်နေမယ်ဆိုတာ ဒါကလည်း ကျနော်တိုု့ အခက်အခဲဘဲ ဆိုတဲ့အမြင်မျိုးရှိတယ်”ဟု နိုင်ဟံသာ က ပြောသည်။

လက်ရှိ နုုိင်ငံရေး အခြေအနေများကုုိ ပြန်လည် သုံုးသပ်၍ တက်လာမည့် အစုုိးရသစ်နှင့် တွေ့ဆုံု ဆွေးနွေးနုုိင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သလိုု၊ ယင်းအစုုိးရသစ်နှင့် နုုိင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် UNFC အဖွဲ့ဝင်များအား ပြင်ဆင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နုုိင်ဟံသာက ပြောသည်။

 လက်ရှိ တုုိင်းရင်းသားလက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီး၏ အကျပ်အတည်း ဖြစ်နေသည့် အချိန်ဖြစ်၍ ယခုု အစည်းအဝေးမှ အဖြေကောင်းများ ရရှိရေးအတွက် လေးလေးနက်နက် ဆွေးနွေးကြပါရန် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းတိုက်တွန်းပြောဆုုိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် ဒီဇင်ဘာလက ကျင်းပသော UNFC မျက်နှာစုံုညီ အစည်းအဝေးတွင် အစုုိရသစ်နှင့် နုုိင်ငံရေးဆုုိင်ရာ ဆွေးနွေးရန်အတွက်UNFC ဒုုဥက္ကဋ္ဌ နုုိင်ဟံသာခေါင်းဆောင်သော အဖွဲ့့ဝင် ၉ ဦးပါ “နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ”ကုုိလည်း ပြန်လည် ပြင်ဆင်ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

 UNFC က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ နုုိင်ဟံသာ၊ ကုုိယ်စားလှယ်နှင့် လေ့လာသူများ အပါအဝင် ၄၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...