ယခုုအချိန်တွင် တုုိင်းရင်းသားလက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အကျပ်အတည်း ဖြစ်နေသည့် အချိန်ဖြစ်၍ ယခုုအစည်းအဝေးမှ အဖြေကောင်းများ ရရှိရေးအတွက် လေးလေး နက်နက် ဆွေးနွေးကြပါရန် ယနေ့ အစည်းအဝေးတွင် UNFC ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လက တုုိက်တွန်းထားသည်။
“ဒီအချိန်မှာ ကျနော်တိုု့ တော်လှန်ရေး လက်နက်ကုုိင် အဖွဲ့အစည်းအသီးသီးရဲ့ အကျပ်အတည်း တော်တော်များများ ရှိနေတာကိုု တွေ့နေရမှာဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးမှာဆုုိရင် အဖွဲ့ဝင်အသီးသီး စိတ်ရှည်လက်ရှည်စွာနဲ့ အဖြေကောင်း၊ ရရှိရေးအတွက်လည်း အရေးတကြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကြွရောက်လာကြတဲ့ ကုုိယ်စားလှယ်တော်များ ဆွေးနွေပွဲလုုပ်ရာမှာ ပေါ့ပေါ့ဆဆ သဘော မထားဘဲနဲ့ လေးလေးနက်နက် စဉ်းစားပြီးတော့ ဆွေးနွေးပေးကြဖုုိ့ တုုိက်တွန်းလုုိပါတယ်”ဟုု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
UNFC ၏ လုုပ်ငန်းများတွင် အောင်မြင်မှုများ ရှိသလုုိ၊ မှားယွင်းမှုများလည်း တွေ့ရှိရသဖြင့် ထပ်မံ မှားယွင်းမှု မရှိစေရေးအတွက် လေးလေးနက်နက် ပါဝင် ဆွေးနွေးသွားကြရန် တုုိက်တွန်းထားသည်။
“ကျနော်တိုု့ဟာ ကုုိယ့်လူမျိုးကုုိယ့်ရဲ့ နုုိင်ငံအတွက် လုုပ်ဆောင်နေခြင်း ဖြစ်တယ်။ ကျနော်တိုု့လုုပ်တာ မှားတာနဲ့ ကုုိယ့်လူမျိုး အများကြီး ထိခုုိက်နုုိင်တယ်။ ကုုိယ့်နုုိင်ငံ အများကြီးထိခုုိက်နုုိင်တယ်ဆုုိတာကုုိ အမြဲတမ်းသတိပြုကြဖုုိ့ လုုိအပ်ပါတယ်။ ဒါကြောင့်မုုိ့ မှားယွင်းမှု ရှိပေမယ့်လည်း အနည်းဆုံုးဖြစ်အောင် ကြိုးစားရမှာ ဖြစ်တယ်။ ဒါတွေကုုိ သဘောမထားဘဲ ဖြစ်စလွယ်ဆွေးနွေးသွားလုုိ့ ရှိရင် ကျနော်တုုိ့ မျော်မှန်းချက်ဘက်ကုုိ မသွားဘဲနဲ့ အမှားဘက် ဆုံုးရှုံုုးမှုဘက်ကုုိ ဦးတည်သွားနုုိင်တယ်။ ဒါကုုိလည်း လက်တွေ့ခံစားနေရပြီးသားဖြစ်ပါတယ်”ဟုု ထည့်သွင်းပြောဆုုိထားသည်။
ထုုိအစည်းအဝေးတွင် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆုုိင်ရာကိစ္စများနှင့် ရှေ့လုုပ်ငန်းစဉ်များကုုိ ဆွေးနွေးသွားမည် ဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တုုိ့ တုုိက်ပွဲ ဖြစ်ပွားနေမှုကုုိလည်းထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
UNFC က ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လ၊ ဒုုဥက္ကဋ္ဌ နုုိင်ဟံသာ တုုိ့ အပါအဝင် အဖွဲ့ဝင် ကုုိယ်စားလှယ် ၄၀ ဦးနှင့် လေ့လာသူများလည်း တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။







