တိုက်ပွဲရပ်ရေး RCSS နှင့် TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်

တိုက်ပွဲရပ်ရေး RCSS နှင့် TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်
တိုက်ပွဲများရပ်တန့်နိုင်ရေး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  နှင့် တအောဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗိုလ်မှူး စိုင်းစုက ဖေဖော်ဝါရီ ၁၆ရက်တွင် မဇ္စျိမကိုပြောသည်။

"နောက်နှစ်ပတ်အတွင်း သူတို့နှစ်ဖက် တွေ့ဖြစ်နိုင်မယ်ထင်ပါတယ်။ အဲဒီအတွက်လည်း ဒီကြားထဲမှာ နှစ်ဖက်လုံးကို သွားအသိပေးမှာပါ။ အဲဒီမတိုင်ခင် ကျွန်တော်တို့ ထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်လုံးလည်း ပြင်ဆင်မှုတွေရှိမယ်လို့ ထင်ပါတယ်။" ဟု SSPP မှ ဗိုလ်မှူး စိုင်းစုကပြောသည်။

RCSS နှင့် TNLA တို့အကြား လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေး SSPP နှင့်  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့က ကြားဝင်ညှိနှိုင်းပေးနေခြင်းဖြစ်သည်။ RCSS နှင့် TNLA တို့ တွေ့ဆုံနိုင်ရန် စီစဉ်းပေးနိုင်ရေးအတွက် UNFC နှင့် SSPP တို့က ဒီဇင်ဘာလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ ၁၃ရက်နေ့တို့တွင် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

တိုက်ပွဲများရပ်တန့်ရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် RCSS မှ ဗိုလ်မှူးကြီး သက်လှ က"အခုတိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အရင်ကတည်းက ရှမ်းတွေနေခဲ့တာပဲ အခုမှသူပိုင်တယ်ငါပိုင်တယ်ဆိုပြီး တိုက်နေတာထက် အားလုံးအတူနေထိုင်နိုင်ဖို့ အမှန်တရားကို အခြေခံပြီးတော့ ဆွေးနွေးသင့်တယ်။" ဟု ဆိုသည်။

လက်ရှိ တိုင်းရင်းသားအချင်းချင်းအကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးကြသည့်အခါ အခက်အခဲ၊ အတားအဆီးများ ဖြစ်ပေါ်နိုင်သည့်အပြင် အားလုံးရည်မှန်းသည့် ပြည်ထောင်စု ရရှိနိုင်ရေးအတွက် ခက်ခဲနိုင်သည်ဟု ၄င်းကဆိုသည်။

TNLA  မှ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားကလည်း "ကျွန်တော်တို့ ဘယ်အချိန် နှစ်ဖက်ထိပ်တိုက်ဆွေးနွေးရမလဲ ဆိုတာကို လာပြောတာကိုမရှိဘူး။ ဆွေးနွေးဖို့တော့အသင့်ပါ။ လူနဲ့ကောစာပို့တာကော လုံးဝမရှိသေးဘူး။ တိုက်ပွဲတွေကြောင့် နောင်အချိန် ငြိမ်းချမ်းရေးဆွေးနွေးရင် နယ်မြေကိစ္စတွေက ပြဿနာဖြစ်လာနိုင်တယ်"ဟု ပြောသည်။

ကြားဝင်ညှိနှိုင်းပေးမည့် SSPP အနေဖြင့် လက်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများအရေး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုက်လံကူညီနေပြီး နှစ်ဖက် ဆွေးနွေးနိုင်ရေးအတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်နေသည် ဟု SSPP ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းစုကဆိုသည်။

"စစ်မျက်နှာပြင်မှာ အခုအနေအထားက TNLA နဲ့ RCSS အပြင် အစိုးတပ်ကပါရှိနေတယ်။ RCSS ကကြားမှာ ရောက်နေတယ်။ ပြန်ဆုတ်မယ်ဆိုရင်တောင် တပ်နဲ့အဆင်ပြေမှ ဆုတ်လို့ရမယ်လို့ ထင်မိတယ်။ ဒီကိစ္စကိုတော့ သူတို့တွေဆွေးနွေးတဲ့အခါမှပဲ အဖြေရနိုင်မယ်။" ဟု ၄င်းကပြောသည်။

SSPP က တိုက်ပွဲဖြစ်ပွားနေသည့် TNLA နဲ့ RCSS တို့အကြား စေ့စပ်ညှိနှိုင်းနိုင်ရေးအတွက် ကိုယ်စားလှယ်များ စေလွှတ်ဆောင်ရွက်နေ သည်ဟု ဖေဖော်ဝါရီ ၁၂ရက်က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သေးသည်။

TNLA နှင့် RCSS တို့အကြား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ စတင်၍ တိုက်ပွဲများဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ရက်၊ ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်က ရှမ်းပြည်နယ်ရှိ တိုက်ပွဲများ ရပ်တန် ့နိုင်ရေး  အရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း ဆွေးနွေးရန် ဆုံးဖြတ်ထားသည်။

၄င်းတို့နှစ်ဖက်အကြား ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်မှာ ကျောက်မဲမြို့တွင် နှစ်ထောင်ကျော်၊ ကန့်ကာ၊ မိုင်းလုံ၊ မိုးမတ်တို့တွင် စုစုပေါင်း ၅၀၀နီးပါးနှင့် မိုင်းဝေးတွင် တစ်ထောင်မှ နှစ်ထောင်အကြားထိ ရှိနေပြီဟု နှစ်ဖက်တပ်ဖွဲ့များထံမှ သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...