ဖားကန့်ကျောက်စိမ်းကုမ္ပဏီများကို ဆန္ဒထုတ်ဖော်မှု ရပ်ဆိုင်းကာ ဆွေးနွေးမှု ဆက်လုပ်မည်

ဖားကန့်ကျောက်စိမ်းကုမ္ပဏီများကို ဆန္ဒထုတ်ဖော်မှု ရပ်ဆိုင်းကာ ဆွေးနွေးမှု ဆက်လုပ်မည်
by -
မဇ္စျိမ
ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်နေမှုအပေါ် တားဆီးပေးရန် ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီ ၁၆ရက်က ရပ်တန့်လိုက်ပြီး သဘာဝ ဘေးအန္တရယ်ကျရောက်လာနိုင်မှုအား ထိန်းသိမ်းကာကွယ်သွားရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးသွားမည်ဟု ဆန္ဒဖော်ထုတ်နေသူ ဒေသခံ ဦးနောင်လတ်က ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၃ နာရီတွင် လုံးခင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးမှုတွင် ကျောက်စိမ်းတူးဖော်သော ကုမ္ပဏီများမှ စွန့်ပစ်သော မြေစာပုံကြောင့် တိမ်ကောလာသော ဥရုချောင်းအား ပြန်လည် ထိန်းသိမ်းရန်၊ ဒိုင်းနမိုက်သုံးစွဲမှုများနှင့် ကျေးရွာများရှိ လမ်းများပေါ်တွင် ကုမ္ပဏီကားများ ဖြတ်သန်းမှု လျော့နည်းစေရန်တို့ အပါအဝင် ဆွေးနွေးသွားမည်ဟု သူက မဇ္စျိမကို ပြောသည်။

“ကျနော်တို့အားလုံးက ရေဘေးအန္တရယ် ရောက်မှာကြောက်လို့ ကျနော်တို့ ဝိုင်းဝန်းကာကွယ်တာပါ။ ကျနော်တို့က ဒီနှစ် မိုးတွင်းမှာ လူအသေအပျောက်နည်းအောင်၊ ရွာလမ်းမပေါ်မှာ ကုမ္ပဏီကားတွေ ဖျက်တဲ့ဟာ နည်းအောင်၊ ကျနော်တို့ ဘေးအန္တရာယ် ထိခိုက်မှု မရှိအောင်၊ ဥရုချောင်းကလည်း တဖြည်းဖြည်း မြင့်တက်လာတော့ ပြန်လည် ပြုပြင်ထိန်းသိမ်းဖို့အတွက် ကျနော်တို့က လုပ်နေတာပါ”ဟု ဦးနောင်လတ်က မဇ္ဈိမကို ပြောသည်။

ကုမ္ပဏီများကလည်း အစိုးရအား အခွန်ဆောင်၍ လုပ်ဆောင်နေရခြင်းဖြစ်၍ ၎င်းတို့နှင့် ပြည်သူလူထုအကြား ပဋိပက္ခ မဖြစ်ပွားစေရန် အကောင်းဆုံး အဖြေတစ်ခုကို ညှိနှိုင်းဆွေးနွေးရန် ဖြစ်သည်ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်ထိ ၃ ရက်ကြာ ဒေသခံများက လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းတောင်တို့အပါအဝင် ၃ နေရာတွင် လမ်းများ ပိတ်ဆို့ကာ ဆန္ဒဖော်ထုတ်ခဲ့ရမှ ဖေဖော်ဝါရီ ၁၅ရက် ညနေ ၅ နာရီတွင် သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်၍ ဆွေ့ဆုံဆွေးနွေးမည်ဟု ကတိပေးလာသဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့သည်ဟု ဦးနောင်လတ်က ပြောသည်။

“မနေ့က ၅ နာရီလောက်ကနေ မြို့နယ်မှူးတွေက ဆန္ဒပြတာကို ရပ်ပေးပါ။ သူတို့လည်း ဆွေးနွေးမှု မပြီးမချင်း ကားတွေလည်း ရပ်ပေးပါ့မယ်ဆိုတဲ့ သူတို့ နုတ်ကတိကြောင့် ကျွန်တော်လေးစားတဲ့အနေနဲ့ ဆန္ဒဖော်ထုတ်တာ ရုပ်သိမ်းလိုက်ပါတယ်။ ကျနော်တို့လေးလေးစားစားနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ထိုသို့ ပြောဆိုသော်လည်း ဖေဖော်ဝါရီ ၁၅ရက် ည ၁၀ နာရီ နှင့် ၁၁ နာရီခွဲချိန်တွင် ကုမ္ပဏီကားများ ဖြတ်သန်းမှု ရှိခဲ့သည်ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း ဖားကန့်မြို့ပေါ် ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူအသေအပျောက် အများအပြားရှိခဲ့သဖြင့် ယခုနှစ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုမှ ကာကွယ်ရန် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...