ချင်းမိုင်တွင်ပြုလုပ်မည့် UNFC ထိပ်သီးအစည်းအဝေးတွင် RCSS နှင့်TNLA ကိစ္စဆွေးနွေးမည်

ချင်းမိုင်တွင်ပြုလုပ်မည့် UNFC ထိပ်သီးအစည်းအဝေးတွင် RCSS နှင့်TNLA ကိစ္စဆွေးနွေးမည်
by -
မဇ္စျိမ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၁၈ရက်နေ့ ၌ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ထိပ်သီးအစည်းအဝေးတွင် RCSS နှင့်TNLA ကိစ္စဆွေးနွေးမည် ဖြစ်ကြောင်း UNFC ၏ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောသည်။

ရှမ်းပြည််နယ်မြောက်ပိုင်းအတွင်း တအာင်းအမျုုိးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေမှုအပေါ် ဆွေးနွေး ညှိနှိုင်းပေးနိုင်ရေးနှင့် ပတ်သက်၍ လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

"တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတွက် အန်ကယ်တို့ ဘာဘဲဖြစ်ဖြစ် လာမဲ့အစိုးရ သစ်တက်လာရင် အဲဒီမှာ နိုင်ငံရေးအရ ဆွေးနွေးသွားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်ဖို့ပေါ့။ ပလောင်နဲ့ အာစီအက်စ်အက်စ် ကိစ္စတွေကိုလည်း ဆွေးနွေးမယ်”ဟု နိုင်ဟံသာက ပြောသည်။

လတ်တလောတွင် UNFC အနေဖြင့် TNLA နှင့် RCSS တို့ နှစ်ဖက် ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ညှိနှိုင်းနေသော်လည်း အဆင်မပြေသေးကြောင်း သူက ပြောသည်။

“အဲဒီ ကိစ္စကိုလည်း နည်းလမ်းရှာမှာပါ။ အန်ကယ်တို့က သူတို့ နှစ်ဖက် ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ ပလောင်ဘက်ကလောလောဆယ်သူတို့က တောင်ဘက်မှာ မရှိဘူး။ သူတို့က မြောက်ပိုင်းမှာ ခရီးလွန်နေတာလေ ပြန်မရောက်နိုင် သေးတော့ မစီစဉ်ပေးနိုင်ဘူး ဖြစ်နေတယ်”ဟု သူက ဆိုသည်။

လက်ရှိ RCSS နှင့် တိုက်ပွဲ ဖြစ်ပွားနေမှုအား နှစ်ဖက်ခေါင်းဆောင်များအကြား တွေ့ဆုံဖြေရှင်းရန် အတွက် TNLA က UNFC ထံသို့ စာဖြင့် အကြောင်းကြားခဲ့သော်လည်း လက်ရှိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသဖြင့် TNLA ခေါင်းခေါင်းဆောင်များ ခရီးသွားလာရန် အခက်အခဲ ရှိနေသည်ဟု TNLA၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်ဖုန်းကျော်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်း ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်အကြား ညောင်မောင်း၊ ပေါင်းဆန် ကျေးရွာများနှင့် မိုင်းလုံမြို့နယ်ခွဲရှိ သုံးနေရာတွင် TNLA တပ်နှင့် RCSS နှင့် အစိုးရ စစ်တပ်ဖွဲ့ တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ ဖြစ်ပြီး ၄င်းနေရာတွင် ယနေ့ထိ ၄ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း ဗိုလ်မှူးကြီး မိုင်ဖုန်းကျော်က ပြောသည်။

အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေရန်အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကျင်းပသော နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးတွင်UNFC မှ ၉ ဦးပါဝင်သော “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။

ယင်းအစည်းအဝေးမှ UNFC အဖွဲ့ဝင် ၁၁ ဖွဲ့ရှိရာမှ အစိုးရနှင့် NCA လက်မှတ်ရေးထိုးလိုက်သော ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ခဲ့သည်။

လက်ရှိ UNFC တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ(MNSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အဖွဲ့အစည်း(LDU)၊ ဝ အမျိုးသားအဖွဲ့အစည်း(WNO)၊ ပလောင်ပြည် လွှတ်မြောက်ရေး တပ်ဦး(PSLF)နှင့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K) စသည့် အဖွဲ့အစည်း ၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...