မြန်မာ့လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်
by -
မဇ္စျိမ
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် နေအိမ်တွင် သံဃာတော်များကို ဆွမ်းကပ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် နေအိမ်တွင် သံဃာတော်များကို ဆွမ်းကပ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁နှစ်ပြည့်မွေးနေ့တွင် နိုင်ငံအဝှမ်းတွင် ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရသောအားဖြင့် ဗိုလ်ချုပ်အထိမ်းအမှတ်ကဗျာရွတ်ပွဲများ၊ အခမ်းအနားများ ပြုလုပ်ခဲ့ကြသလို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်အတွက် ကိုရင်လေးများနှင့် သံဃာတော်တို့ကို နေ့ဆွမ်းကပ်လှူခဲ့သည်။

ဖေဖော်ဝါရီ ၁၃ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သလို ကလေးများနေ့လည်းဖြစ်သောကြောင့် ကိုရင်လေးများကို ဆွမ်းကပ်လှူခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဖေဖေ့မွေးနေ့ကလည်း ကလေးများနေ့ဆိုတော့ ကိုရင်လေးတွေကို ဆွမ်းကပ်တာပါ။ အင်မတန်မှ ကြည်နူးစရာကောင်းပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖေဖော်ဝါရီ ၁၃ရက်၊ နံနက် ၁၀နာရီအချိန်တွင် ကိုရင် ၁၅ပါးနှင့် သံဃာတော်တစ်ပါးအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ သူမနေထိုင်ရာ နှင်းဆီစံအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်က နေ့ဆွမ်းကပ်လှူခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း အမှတ်တရစကား ပြောဆိုခဲ့သေးသည်။

"ခပ်တိုတိုပြောရရင် ဗမာပြည်ကလူငယ်တွေ ဖေဖေ့လို ဖြစ်စေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ဖခင်ဖြစ်သူ ရှေ့နေဦးဖာနှင့် မိခင် ဒေါ်စုတို့က နတ်မောက်မြို့တွင် မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့တွင် လူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...