ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးအမတ်ကို လျာထားသော်လည်း မဲခွဲရာတွင် ရှုံးနိမ့်ခဲ့

ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးအမတ်ကို လျာထားသော်လည်း မဲခွဲရာတွင် ရှုံးနိမ့်ခဲ့
by -
မဇ္စျိမ
ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးအမတ်ကို လျာထားသော်လည်း မဲခွဲရာတွင် ရှုံးနိမ့်ခဲ့
ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးအမတ်ကို လျာထားသော်လည်း မဲခွဲရာတွင် ရှုံးနိမ့်ခဲ့
ပထမအကြိမ် ကချင်ပြည်နယ် လွှတ်တော်၏ ပုံမှန်အစည်းအဝေးတွင် ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဦးထွန်းတင်နှင့် ဒုဥက္ကဋ္ဌ အဖြစ် ဦးဒိန်ခန်ဖုန်တို့ကို ရွေးချယ်တင်မြောက်လိုက်သည်။

လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်သည် ကချင်ပြည်နယ် ဗန်းမော် မဲဆန္ဒနယ်အမှတ် (၂)မှ အနိုင်ရရှိခဲ့ပြီး ဦးဒိန်ခန်ဖုန်သည် ပူတာအို မဲဆန္ဒနယ် အမှတ် (၂) နေရာမှ အနိုင်ရရှိခဲ့သူများအား လျိုဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော် ကိုယ်စားလှယ် ၅၃ ယောက်ရှိတယ်။ ရွေးခံမဲ့ ကိုယ်စားလှယ်နှစ်ယောက်ရဲ့ နာမည်ကို ကိုယ်ကြိုက်နှစ်သက်တဲ့ နေရာမှာ အမှန်ခြစ်တယ်။ မကြိုက်တာကို အမှားခြစ်တယ်။ လျို့ဝှက်မဲဆန္ဒပေးတဲ့ ပုံစံနဲ့ပဲ မဲပေးကြပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။

ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရန်အတွက် NLD ပါတီမှ ဦးထွန်းတင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးရားဝမ်ဂျွန်တို့ကို အမည်စာရင်းတင်သွင်းခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် ၅၃ ဦးမှ ထောက်ခံမဲ ၃၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ဦးရားဝမ်ဂျွန်သည် ထောက်ခံမဲ ၂၃ မဲတွင် ပယ်မဲ ၁ မဲ ဖြင့် ရှုံုးနှိမ့်ခဲ့သည်ဟု သူက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးပီထောဇောင်း ၂၃ မဲ နှင့် ဦးဒိန်ခန်ဖုန်က ဆန္ဒမဲ ၃၀ ရရှိခဲ့သဖြင့် လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ဦးဒိန်ခန်ဖုန်ကို ရွေးချင်တင်မြောက်ခဲ့သည်ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၅၃ နေရာမှ ၂၆ နေရာတွင် NLD အနိုင်ရရှိခဲ့ထားသဖြင့် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းသည် ကန့်ကွက်စရာမရှိကြောင်း ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။

ကချင်ပြည်နယ်တွင် NLD ပါတီက ၂၆ နေရာက အနိုင်ရထားပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၈ နေရာ အနိုင်ရထားကာ ကျန်နေရာများသည် အခြားတိုင်းရင်းသားပါတီများ အနိုင်ရရှိထားသည်။

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်တွက် ပြန်လည် ကျင်းပမည်ဟုလည်း သိရသည်။

ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်းကို ဖေဖော်ဝါရီ ၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဒေါ်ဂျာဆိုင်းခေါန်ဖေ့စ်ဘုတ်)

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...