၅၉ (စ) ပြင်ဆင်ရေး စစ်တပ်က လက်ခံမည်မဟုတ်ဟု တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများပြော

၅၉ (စ) ပြင်ဆင်ရေး စစ်တပ်က လက်ခံမည်မဟုတ်ဟု တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများပြော
by -
မဇ္စျိမ
NLD ပါတီ ထိပ်တန်းအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်သည့် လမ်းကြောင်းအပေါ် အကြံပြုချက်များအား စစ်တပ်က လက်ခံခြင်းမရှိကြောင်း တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများက ပြောသည်။

နိုဘယ်ဆုရှင်အောင်ဆန်းစုကြည်မှာ သားဖြစ်သူနှစ်ဦးက ဗြိတိန်နိုင်ငံသားများဖြစ်နေ၍ သမ္မတဖြစ်နိုင်ခွင့်မရှိပေ။ အခြေခံဥပဒေဖွဲ့စည်းပုံအရ မိသားစုဝင်များ နိုင်ငံခြားသားခံယူထားပါက နိုင်ငံ ၏ ခေါင်းဆောင်ဖြစ်လာခွင့်ကို တားမြစ်ထားခြင်းဖြစ်သည်။ အဆိုပါ ပုဒ်မ ၅၉ (စ) သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ နိုင်ငံ့အစိုးရဖွဲ့ရေးတွင် အဓိက ညှိနှိုင်းနေရသည့် ပုဒ်မဖြစ်သည်။

ကိုယ်စားပြုတစ်ဦးဖြင့် တိုင်းပြည်ကို စီမံခန့်ခွဲခြင်းထက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်လာရေးအတွက် ရှင်းလင်းသည့် လမ်းကြောင်းအဖြစ် ယင်းပုဒ်မကို ဆိုင်းငံ့နိုင်သည်ဟု NLD ပါတီမှ ညှိနှိုင်းဆွေးနွေးသူများက ဆိုကြသည်။

သို့သော်လည်း ယင်းသဘောထားအား စစ်တပ်ခေါင်းဆောင်ပိုင်းက အပြင်းအထန် ခုခံကာကွယ်လျက်ရှိကြောင်း တပ်အတွင်းပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောပြီး စစ်တပ်အနေဖြင့် ယင်းကို ခွင့်ပြုမနိုင်တာက ရှင်းလင်းသေချာကြောင်းဆိုသည်။

NLD မှ ဥပဒေပညာရှင် ဦးကိုနီက ဖွဲ့စည်းပုံတားမြစ်ချက်ရှိပေမယ့် လုပ်ကိုင်နိုင်တာတွေရှိကြောင်း၊ လွှတ်တော်တွင် အများစုထောက်ခံမှုဖြင့် ၅၉စ ကို ဆိုင်းငံ့နိုင်မည်ဖြစ်ကြောင်း ပြောသည်။

"ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မှာပဲ ဒီပုဒ်မကို ဆိုင်းငံ့သွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါက ဖွဲ့စည်းပုံကို ပြင်ဆင်တာမဟုတ်ပါဘူး။ ယာယီဆိုင်းငံ့ခြင်းသာဖြစ်ပါတယ်။ နိုင်ငံမှာ ပြည်သူ အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို လိုလားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တာကလည်း နိုင်ငံရဲ့ အကျိုးစီးပွားလည်းဖြစ်ပါတယ်။"ဟု ဦးကိုနီက ပြောသည်။

တပ်မတော်၊ လွှတ်တော်အမတ်များနှင့် NLD ပါတီတွေ့ဆုံမှုများတွင် ၅၉စ ဆိုင်းငံ့ရေးကို ဆွေးနွေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ဦးကိုနီက ပြောသည်။

သို့သော် တပ်မတော်၏ သဘောထားက အခြားတစ်ဖက်တွင် ရှိနေသည်။

"တစ်ယောက်ယောက်က လွှတ်တော်မှာ ၅၉ (စ) ဆိုင်းငံ့ဖို့ လုပ်လာတယ်ဆိုပါစို့။ အခြားပါတီက လူတွေကလည်း အခြားပုဒ်မတွေကို ခုလိုပဲ ဆိုင်းင့ံဖို့ အဆိုတင်လာကြရင် ဘယ်လိုလုပ်မလဲ။ တပ်မတော်ရဲ့ သဘောထားကတော့ ရှင်းပါတယ်။ လက်ရှိအချိန်မှာ ၅၉ (စ) ဆိုင်းငံ့ရေးကို လက်ခံမှာ မဟုတ်ပါဘူး။"ဟု NLD နှင့် ညှိနှိုင်းမှုများတွင် ပါဝင်ခဲ့သူ စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ရပ်က ဆိုသည်။

တပ်မတော်က ထုတ်ဝေသည့် မြဝတီသတင်းစာတွင်လည်း ခေါင်းကြီးပိုင်း၌ ၅၉ (စ) မည်သို့မှ အပြောင်းလဲမခံသင့်ကြောင်း အယ်ဒီတာအာဘော်ရေးသားဖော်ပြထားသည်။

အမည်ထုတ်ဖော်မပြောသည့် လက်ရှိအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကလည်း ယခုကဲ့သို့ ဆိုင်းငံ့ခြင်းက တိုင်းပြည်အတွက် ဘေးအန္တရာယ်ဖြစ်လာမည်ဖြစ်ပြီး ဆိုးဝါးလာလိမ့်မည်ဖြစ်ကြောင်း၊ စစ်တပ်က လက်ခံလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များအား ဖေဖော်ဝါရီလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...