လွှတ်တော်ကော်မရှင်များဖွဲ့စည်းမှု စိတ်ဝင်စားဖွယ်ဖြစ်သည်ဟု OMIထုတ်ပြန်

လွှတ်တော်ကော်မရှင်များဖွဲ့စည်းမှု စိတ်ဝင်စားဖွယ်ဖြစ်သည်ဟု OMIထုတ်ပြန်
by -
မဇ္စျိမ
 ပြည်သူ့လွှတ်တော် ကော်မရှင်များဖွဲ့ စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များ သာမက ကိုယ်စားလှယ် မဟုတ်သူ များကိုပါ ထည့်သွင်းခွင့်ရှိသည့်အတွက် စိတ်ဝင်စားဖွယ် ဖြစ်သည်ဟု လွှတ်တော်စောင့်ကြည့်လေ့လာရေး လုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (Open Myanmar Initiative) က ထုတ်ပြန်သည်။

မည်သည့်ပုဂ္ဂိုလ်များ လွှတ်တော်ကော်မရှင်များ တွင်ပါဝင်လာမည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်ဟု ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့က ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီ တို့ဖွဲ့စည်းခဲ့အပြီးတွင် သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ ့လွှတ်တော်တွင် အမြဲတမ်းကော်မတီ (၄) ခု ရှိရမည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့ကို ဆက်လက်ကျင်းပမည့် အစည်းအဝေးတွင်ဖွဲ့စည်းရမည်ဖြစ်ပြီး ယနေ့ ကော်မတီများဖွဲ့စည်းခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လွှတ်တော်၏ မည်သည့်ရာထူးကိုမှ ရယူထားခြင်းမရှိသေးခြင်းမှာလည်း စိတ်ဝင်စားဖွယ်ဟု ဆိုထားသည်။

ယနေ့ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးထွန်းထွန်းဟိန် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) နောင်ချိုမဲဆန္ဒနယ်နှင့်အတွင်းရေးမှူး အဖြစ် ဦးစတီဖန် (ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ကျိုင်းတုံမဲဆန္ဒနယ်တို့ဖြစ်ပြီး အဖွဲ့ဝင်(၁၃) ဦးနှင့် ဖွဲ့စည်းခဲ့သည်။

ပြည်သူ့လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးအောင်မင်း (အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်) ဇလွန်မဲဆန္ဒနယ်နှင့် အတွင်းရေးမှူးအဖြစ် ဦးခင်မောင်သန်း (အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်) တောင်ငူမဲဆန္ဒနယ်တို ့ဖြစ်ပြီးအဖွဲ့ဝင် (၁၃) ဦး ပါ၀င်သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကို ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) စစ်ကိုင်းတိုင်းမဲဆန္ဒနယ် အမှတ် (၆)၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်ဉာဏစိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ ်(၃) တို့ဖြစ်ပြီး အဖွဲ့ဝင် (၁၃) ဦး ပါ၀င်သည်။

အမျိုးသားလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးစောသန်းထွဋ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)၊ အတွင်းရေးမှူး အဖြစ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) တို ့ဖြစ်ပြီးအဖွဲ့ဝင် (၁၃) ဦး ပါ၀င်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သုတေသနနှင့် ပညာရေးအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြင့်ဖွဲဲ့စည်းထားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ဖြစ်စဉ်ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ပြုစုထုတ်ပြန်နေသည့် အဖွဲ့ဖြစ်သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...