ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၃၁ ရက်ထိ ရက်ပေါင်း ၂၀ ကြာ တနုုိင်းဒေသသုုိ့ ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေး အဖွဲ့မှ လူအင်အား ၆၀၀ ကျော်ဖြင့် ဖျက်ဆီးနုုိင်ခဲ့ခြင်း ဖြစ်သည်။
ထုုိကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ကုုိ ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီတွင် တနုုိင်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်း ဘုုရားကျောင်းတွင် လူထုုနှင့်အတူ ကြိုဆုုိ၍ ဆုုတောင်းပွဲ အခမ်းအနားများ ကျင်းပခဲ့သည်ဟုု မြစ်ကြီးနားနယ် ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်းက ပြောသည်။
“ကျနော်တိုု့ သိထားသလောက် ဘိန်း ဧက ၁၅၀၀ ကျော် တုုိက်ဖျက်ပြီးပြီ။ သူတိုု့ကုုိ တနုုိင်းမှာ ဘိန်းခင်းတွေ ဖျက်ဆီးမှု နိဂုံုးချုပ် အနေနဲ့ သူတိုု့ကုုိ ကြိုဆုုိတဲ့ ဆုုတောင်းပွဲလုုပ်တယ်။ ဒီမြစ်ကြီးနားဘက်မှာ လီဒုုိကားလမ်းကနေ မြို့ခံတွေ တီးဝိုုင်းတွေ၊ ပန်းစည်းတွေ၊ တာဝါတွေပေးပြီ ကြိုဆုုိခဲ့တယ်”ဟုု ၎င်းကဆိုသည်။
တနုုိင်းဒေသအတွက် ဘိန်းခင်းစုုိက်ဧက ၁၅၀၀ ကျော်ရှိသည်ဟုု ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့မှ လေ့လာတွေ့ရှိထားသလောက် ဘိန်းခင်းဖျက်ဆီးခဲ့သည်ဟုု သူက ပြောသည်။
“ကျနော်တိုု့ သုုတေသနလုုပ်ထားသလောက်တော့ ကုုန်ပြီလုုိ့တော့ ပြောလုုိ့ရတယ်။ အခုုရှိနေသေးတာက နာဂ လက်နက်ကုုိင် အဖွဲ့တွေ ထိန်းချုပ်တဲ့ဘက်မှာတော့ ရှိသေးတယ်။ အဲဒီဘက်တော့ ကျနော်တိုု့ မသွားနုုိင်ဘူး”ဟုု ဦးအင်ခွန် တန်ဂွန်းက ပြောသည်။
တနုုိင်းဒေသအတွင်း ဘိန်းခင်းများ ဖျက်ဆီးနေစဉ် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ဘိန်းစုုိက်ပျိုးသူများက တူမီးလက်နက်ဖြင့် တားဆီး ပစ်ခတ်ခဲ့သဖြင့် ဇန်နဝါရီ ၁၅ ရက်က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံုးခဲ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က ဝုုိင်းမော်မြို့မှ မြန်မာ-တရုုတ်နယ်စပ် ဆဒုံုး၊ ချီဖွေ၊ ကန်ပုုိင်တီ ဒေသဘက်တွင်လည်း ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့မှ လူအင်အား ၁၂၀၀ ကျော်သည် သွားရောက် ဖျက်ဆီးနေဆဲ ဖြစ်ပြီး ယင်းဒေသသိုု့ ဘိန်းခင်းများ ဖျက်ဆီးရန်အတွက် လူအင်အား ထပ်မံ တုုိးမြင့် သွားမည် ဖြစ်ကြောင်း သိရသည်။
ထုုိဒေသတွင် ဒေသခံ ဘိန်းစုုိက်ပျိုးသူများ တားဆီးပိတ်ပင်မှုများရှိသဖြင့် ပြည်နယ်အစုုိးရ ရဲတပ်ဖွဲ့နှင့် စစ်တပ် အင်အား ၅၀ ကျော်လည်း လုံုခြံုရေး တာဝန်ယူပေးနေပြီး ထုုိဒေသအတွင်း ဘိန်းခင်းစုုိက်ဧက ၂၀၀၀ ခန့် တွေ့ရှိထားသည်ဟုု ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေး အဖွဲ့က ဇန်နဝါရီလ ၂၀ ရက်က ထုုတ်ပြန်ထားသည်။
၂၀၁၆ ခုုနှစ် ဇန်နဝါရီ ၅ ရက်မှစတင်၍ လူထုုအခြေပြု ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့က ကချင်ပြည်နယ် ပူတာအုုိ၊ ဆွမ်ပရာဘွမ်ဒေသများရှိ ဘိန်းခင်း ဧက ထောင်ချီ ဖျက်ဆီးနုုိင်ခဲ့ပြီး ဖြစ်သည်။
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၂၀၁၄ ခုုနှစ်မှစတင်၍ ခရစ်ယာန်ဘာသာရေး ဂုုိဏ်းပေါင်းစုံုမှ ခေါင်းဆောင်များ ဦးဆောင်၍ လူထုုအခြေပြု ကချင်မူးရစ်ဆေးဝါး တုုိက်ဖျက်ရေး အဖွဲ့ကုုိ ဖွဲ့စည်း၍ ဘိန်းခင်းများ ဖျက်ဆီးခဲ့သည်မှာ ဧကပေါင်း ၃၀၀၀ ကျော် ဖျက်ဆီးနုုိင်ခဲ့ပြီး ဖြစ်သည်ဟုု သိရသည်။







