ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်ဟု ဦးတင်ဦး အပြတ်ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်ဟု ဦးတင်ဦး အပြတ်ပြော
by -
မဇ္စျိမ
ဖေဖော်ဝါရီ ၁ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လေ့လာသူအဖြစ်တက်ရောက်လာသော NLDနာယက ဦးတင်ဦး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
ဖေဖော်ဝါရီ ၁ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လေ့လာသူအဖြစ်တက်ရောက်လာသော NLDနာယက ဦးတင်ဦး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်ကန့်သတ်ခြင်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရမည်ဟု ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော NLDပါတီက သမ္မတလောင်းကို ကြေငြာခြင်းမရှိသေးချိန်တွင် ပါတီနာယကဖြစ်သူ ဦးတင်ဦးက ပြောဆိုလိုက်သည်။

လာမည့် NLDအစိုးရကို ဦးဆောင်မည့်သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်သာဖြစ်မည်ဟု သတင်းများထွက်ပေါ်နေမှုအပေါ် ဦးတင်ဦးက "သမ္မတဖြစ်ရမှာပေါ့၊ (သတင်း)ပြေးနေတာ မဟုတ်ဘူး။ ဖြစ်ရမှာပေါ့" ဟု ဦးတင်ဦးက သတင်းထောက်များကို ပြောသည်။

ဖေဖော်ဝါရီ ၂ရက်က လွှတ်တော်ဝင်းအတွင်းပြုလုပ်သော တိုင်းနှင့် ပြည်နယ်မဲဆန္ဒနယ်များမှ ရွေးကောက်ခံ NLDအမတ်(၅၀)ဦးခန့်အား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း တစ်ပတ်ကြာပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ရက်ကပြုလုပ်သည့် သင်တန်းဆင်းပွဲအပြီးတွင် ဦးတင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများက ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ ဦးတင်ဦးအပါအဝင် NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းလည်း တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်ဟု ပြောဆိုလိုက်သည့် ဦးတင်ဦးက သူ့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် ဝင်ရောက်တာဝန် ထမ်းဆောင်မည်မဟုတ်ဘဲ "ကျွန်တော်က အားလုံးအောင်မြင်အောင်ထမ်းပိုးမယ့် အထမ်းသမားဗျ။ ပြည်သူ့ဘက်က အထမ်းသမား၊ အားလုံးအောင်မြင်အောင် လုပ်ဆောင်မယ်" ဟု ဆိုသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...