ဒုသမ္မတ နှစ်ဦး လွှတ်တော်မတက်

ဒုသမ္မတ နှစ်ဦး လွှတ်တော်မတက်
by -
မဇ္စျိမ
ယနေ့ (ဖေဖော်ဝါရီ ၁ရက်) စတင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးသို ့ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လက်ရှိ ဒုတိယသမ္မတ နှစ်ဦး တက်ရောက်လာခြင်းမရှိခဲ့ပေ။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လားရှိုးမြို့နယ်ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ဒုတိယသမ္မတဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇီးကုန်းမြို့နယ် ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းတို ့သည် ပြည်သူ ့လွှတ်တော်အစည်းအဝေးသို ့တက်ရောက်ခြင်းမရှိဘဲ ခွင့်တိုင်ကြားခဲ့သည်။

၎င်းတို့ နှစ်ဦးသည် အလုပ်တာဝန်များကို ထမ်းဆောင်နေရသည့်အတွက် အစည်းအဝေးသို ့ မတက်ရောက်နိုင်ခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များ အခွင့်အရေးကော်မတီက ခွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ နှစ်ဦးအပြင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မင်းကင်းမဲဆန္ဒနယ်မှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့် နှင့် အခြားကိုယ်စားလှယ်တစ်ဦးသည်လည်း ခွင့်တိုင်ကြားခဲ့သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၄၃၃ ဦးအနက် ၄ ဦးခွင့်တိုင်ကြားခဲ့ပြီး ၄၂၉ ဦးတက်ရောက်ခဲ့သည်။

၂၀၁၆ ဖေဖော်ဝါရီ ၁ရက်တွင် လွှတ်တော်တက်လာသည့် အမတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းကိုစိုး)

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...