ဖားစည်သံဂျာနယ် အယ်ဒီတာချုပ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံရ

ဖားစည်သံဂျာနယ် အယ်ဒီတာချုပ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံရ
by -
မဇ္စျိမ
ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် ဖားစည်သံဂျာနယ်၏ ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးဇော်ရဲထက်အား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က တရားလိုပြု၍ ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ဒုတိယမြို့နယ်မှူး ရဲမှူးကြီး ဦးစန်းအောင်က ပြောကြားသည်။

zawye''တရားစွဲထားတာတော့မှန်ပါတယ်၊ ပြဿနာအသေးစိတ်ကိုတော့ မသိသေးဘူး။ ရဲစခန်းကို ဆက်သွယ်ရင် ပိုသိလိမ့်မယ်။'' ဟု ၎င်းကဆိုသည်။

ဘားအံမြို့မရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလိုင်းကြောင့် ဆက်သွယ်မှုမရခဲ့ပေ။

တရားစွဲခံရသည့် ဦးဇော်ရဲထက်က ၎င်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ပုဒ်မ ၃၄(က) ၃၈ဖြင့် စွဲထားကြောင်း ပြောသည်။

''အခွန်မသွင်းဘဲ တွဲကားတွေနဲ့ တောလမ်းကနေ တစ်ညကို ၁၂ စီးကနေ အစီး ၂၀ ထိ ဖြတ်တဲ့ သူတွေရှိတယ်။ အစ်ကိုတို့့ဆီမှာ ဓါတ်ပုံအထောက်အထားတွေရှိပါတယ်။ ကုန်သွယ်ရေးဇုန်ကနေ အခွန် မသွင်းဘူး။ တရားဝင်သွင်းခွင့်ရတဲ့ ကုမ္ပဏီက ရဲတပ်ဖွဲ့မှူးကိုသွားပြောတော့ သူတို့နဲ့မဆိုင်ဘူး Custom (အကောက်ခွန်)နဲ့ ဆိုင်တယ်လို့ပြောတယ်။ ကာစတန်ကိုသွားပြောတော့ ခင်ဗျားတို့ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ ဒေသခံလုပ်ငန်းရှင်တွေက အစ်ကို့ကိုပြောတော့ အွန်လိုင်းပေါ်မှာရေးလိုက်တယ်။ ဒါကြောင့်တရားစွဲတာ။'' ဟု ကိုဇော်ရဲထက်က ရှင်းပြသည်။

ဦးဇော်ရဲထက်နှင့်အတူ ကွမ်းသီးလုပ်ငန်းရှင် ဦးဗေလုဝ ဆိုသူလည်း အသရေဖျက်မှုဖြင့် တရားစွဲ ထားခံရသည်ဟု သိရသည်။

''ကျွန်တော်တို့ လုပ်ငန်းစတင်စဉ်က နိုင်ငံတော်ကို တရားဝင်အခွန် ဒေါ်လာ တစ်သိန်း သွင်းရပြီး အခွန်မဆောင်ဘဲ အောက်လမ်းမှ တွဲကားများနဲ့ သွင်းနေတဲ့သူတွေအကြောင်း၊ ကျွန်တော်တို့နှစ်နာ ကြောင်းသူ့ကို (ဦးဇော်ရဲထက်) ပြောပြတော့ သူက အွန်လိုင်းပေါ်တင်လိုက်တယ်။ ကျွန်တော့်နာမည်နဲ့ ဖုန်းနံပါတ်နဲ့ပါသွားတော့ ကျွန်တော်ပါစွဲခံရတယ်။ ကျွန်တော့်ကိုတော့ အသရေဖျက်မှုနဲ့စွဲတာ။ ဇန်နဝါရီ ၂၉ ရက်နေ့က ခေါ်စစ်တယ်။'' ဟုဆိုသည်။

ပြီးခဲ့သည့်လ နောက်ဆုံးအပတ်တွင် သကြားအိတ် ၄၀၀ ပါသော တွဲကားကြီး တစ်စီးမှောက်ပြီး ယင်းကိစ္စကို လိုင်စင်မဲ့ ပုဒ်မ(၈) ဖြင့်သာ ဖမ်းထားသည်ဟုလည်း ဦးဇော်ရဲထက်က ပြောသည်။

''တရားမဝင် တွဲကားကြီးတွေ ဒီသံလွင်တံတားကဘဲဖြတ်သွားတယ်။ တံတားမှာ ရဲတပ်ဖွဲ့တွေ အများကြီးရှိတယ်။ ဒီရဲတွေက ဘာကြောင့်လွှတ်ပေးတာလဲ။ ပိုက်ဆံမယူဘူး ယူတယ်ဆိုတာ အစ်ကိုသိထားတယ်။ အစ်ကို့ဂျာနယ်မှာ အယ်ဒီတာချုပ်ဆိုတော့ သတင်းထောက်တွေကို တာဝန်ယူရတယ်။ ရဲတပ်ဖွဲ့ကိုလည်း ရဲမှူးကြီးကတာဝန်ယူရမယ်။'' ဟုဆိုသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...