ထိုင်းနိုင်ငံ ဖူးခက်တွင် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါးအား ထိုင်းရဲကယ်တင်

ထိုင်းနိုင်ငံ ဖူးခက်တွင် လူကုန်ကူးခံရသူ မြန်မာ ၃၀ နီးပါးအား ထိုင်းရဲကယ်တင်
by -
မဇ္စျိမ
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်တွင် လူမှောင်ခိုဂိုဏ်းလက်မှ လူကုန်ကူးခံရသည့် မြန်မာ ၃၀ နီးပါးအား ထိုင်းအာဏာပိုင်များက ကယ်တင်လိုက်နိုင်ကြောင်း သည်နေးရှင်းသတင်းတွင် ဖေဖော်ဝါရီ ၁ ရက်က ဖော်ပြသည်။

ထိုင်းရဲတို့၏ ကယ်ဆယ်ရေးလုပ်ငန်းသည် ယင်းသံသယရှိ လူမှောင်ခိုသမားများလက်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာတစ်ဦး၏ သတင်းပေးချက်အရ ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ သံသယရှိလူမှောင်ခို ကုန်ကူးသူများသည်လည်း မြန်မာနိုင်ငံမှပင်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

"ပြည်နယ်က ဆီရေးကျွန်းမှာ လူမှောင်ခိုကူးခံလာရတဲ့ မြန်မာ ၂၉ ဦးကို ပိတ်လှောင်ထားတဲ့ နေရာကို နောက်ဆုံးမှာ ကျွန်တော်တို့ ရှာဖွေဖော်ထုတ်လိုက်နိုင်တာဖြစ်ပါတယ်။"ဟု လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဌာနမှူး ရဲမှူး ခွန်ချိုင်းက ဖေဖော်ဝါရီ ၁ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လူမှောင်ခိုကူးခံလာရသူများကို အကူအညီများ ဆက်လက်ပံ့ပိုးပေးနေကြောင်း၊ သံသယရှိ မှောင်ခိုသမားသုံးဦးအား ဖမ်းဆီးနိုင်ရေး လိုက်လံရှာဖွေလျက်ရှိနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...