ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပိတ်သိမ်းကြောင်း ကြေညာ

ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပိတ်သိမ်းကြောင်း ကြေညာ
by -
မဇ္စျိမ
ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်သက်တမ်း မကုန်ဆုံးမီ တစ်ရက်အလို ဇန်နဝါရီလ ၂၈ ရက်တွင်ကြေညာခဲ့သည်။

"အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး နိုင်ငံတော် နှင့် နိုင်ငံသားတို ့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေကြောင်း နှင့် ချမ်းသာကိုယ်စိတ်မြဲကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ပိတ်သိမ်းကြောင်း ကြေညာပါတယ်" ဟု ဦးခင်အောင်မြင့် က ပြောခဲ့ခြင်းဖြစ်သည်။

ဖွဲ ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ ့က ဒုတိယသမ္မတ တစ်ဦးရွေးချယ်တင်မြှောက်ပေးရမည့် တာဝန်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်း အား ဒုတိယ သမ္မတအဖြစ်တင် မြှောက်ခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၆) ဦးသည် ဒုတိယသမ္မတ ရာထူး ၊ ပြည်ထောင်စုဝန်ကြီးရာထူးနေရာများတွင် တာဝန်ပေးအပ်ခံခဲ့ရသည့်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ တစ်ရက်နေ ့တွင် အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း အမျိုးသားလွှတ်တော် ပဥ္စမ ပုံမှန်အစည်းအဝေး နှင့် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကိုယ်စားလှယ် (၆) ဦးသည် ဝန်ကြီးဌာန နှင့် ကော်မရှင်များ တွင်တာဝန်ပေးခံရပြီး ကိုယ်စားလှယ် (၃) ဦးမှာ ကွယ်လွန်သွားသည့်အတွက် အစည်းအဝေးပိတ်သိမ်းချိန်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉) နေရာ လစ်လပ်လျက် ရှိသည်။

အမျိုးသားလွှတ်တော်သည် ဗိယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဂျပန် ၊ သြစတေးလျ ၊ ပြင်သစ် ၊ ကိုရီးယား ၊ တရုတ် ၊ မလေးရှား ၊ စင်္ကာပူ ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ဘရူနိုင်း ၊ လပ်ဗီးယား ၊ ပိုလန် နှင့် ဘယ်လာရုစ် အပါအဝင် နိုင်ငံတကာ လွှတ်တော် ၁၇ ခု နှင့် လွှတ်တော်ချစ်ကြည်ရေးအသင်းများ ဖွဲ ့စည်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ နှုတ်ဖြင့်မေးမြန်းသည့် မေးခွန်းများအနက် ဥက္ကဋ္ဌ က နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည်ဟု သတ်မှတ်သည့် မေးခွန်း နှင့် ဖြေကြားချက် ၂၅ ခုကို နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းဖော်ပြခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဖြင့်မေးသည့်မေးခွန်း (၁၇၂၃) ခုနှင့် စာဖြင့်မေးသည့် ကြယ်ပွင့်မပြ မေးခွန်း (၂၇၆၁) စုစုပေါင်းမေးခွန်း ၄၄၈၄ ခုမေးမြန်းခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင်စတင်ခေါ်ယူခဲ့ခြင်းဖြစ်ဖြစ်ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ ့တွင် ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ တစ်ရက်တွင် စတင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၈ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင် က တာဝန်ယူသွားမည်ဖြစ်သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...