သံယံဇာတတူးဖော်သည့် စက်ယန္တရားပေါင်းစုံ တစ်သောင်းကျော် ဖားကန့်တွင်တွေ့ရှိ

သံယံဇာတတူးဖော်သည့် စက်ယန္တရားပေါင်းစုံ တစ်သောင်းကျော် ဖားကန့်တွင်တွေ့ရှိ
by -
မဇ္စျိမ
ဖားကန့်ဒေသအတွင်း သယံဇာတတူးဖော်သည့် စက်ယန္တရားပေါင်းစုံ အစီးရေတစ်သောင်းကျော် တွေ့ရှိထားသည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းက ဇန်နဝါရီ ၂၇ရက်တွင် မဇ္ဈိမသို့အတည်ပြု ပြောကြားသည်။

"အဖွဲ့ပေါင်းစုံ၊ ဌာနပေါင်းစုံက ကွင်းဆင်းပြီးစာရင်းယူတာ စက်ယန္တရားပေါင်းစုံ အစီးရေ တစ်သောင်းကျော် ရှိတယ်။ မှတ်ပုံတင်ပေးဖို့ ဌာနပေါင်းစုံက ဆင်းစစ်တာပါ။ မှတ်ပုံတင်မယ့်ကိစ္စကိုတော့ သူ့သက်ဆိုင်ရာ ဌာနကနေ လုပ်ပေးဖို့ပြင်ပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရက ဘာညွှန်ကြားလဲဆိုတာကိုတော့ ပြည်ထောင်စုအစိုးရကိုပဲမေးလိုက်ပါ။" ဟု ၎င်းကဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့အတွင်းရှိ ဌာနပေါင်းစုံပါ၀င်သည့် ကော်မတီက ဇန်နဝါရီလ ၂၄ရက်နေ့တွင် လုပ်ကွက်များ အတွင်း မြေပြင်ကွင်းဆင်းကာ ယန္တရားစားရင်းကို ကောက်ယူခဲ့ခြင်းလည်းဖြစ်သည်ဟု ဦးဇော်သိန်းက ပြောသည်။

စစ်ဆေးတွေ့ရှိသည့် ယန္တရားတစ်သောင်းကျော်မှ အားလုံးသည် မှတ်ပုံတင်ထားခြင်း ရှိမရှိကိုမူ အစည်းအဝေး ဝင်ရောက်တော့မည်ဖြစ်သည့်အတွက် မဇ္ဈိမသို့ ပြန်လည်ဖြေကြားပေးနိုင်ခြင်းမရှိခဲ့ပေ။

ယင်းတွေ့ရှိသည့် စက်ယန္တရားအရေအတွက်သည် ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီအောက်ရှိ မှတ်ပုံတင်ပြီး လိုင်းကားအစီးရေ ၅၀၀၀ခန့်၏ နှစ်ဆခန့်ရှိနေသည်။

ဖားကန့်ဒေသတွင် တွေ့ရှိထားသည့် စက်ယန္တရားများကို မှတ်ပုံတင်နိုင်ရေးနှင့် ပက်သက်ပြီး ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (၀၇၄ ၂၀၂၆၁) ဦးစီးမှူးသို့ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဖားကန့်ဒေသတွင် ၂၀၁၅ ခုနှစ်အတွင်းမှာပင် မြေစာပုံပြိုကျမှု အနည်းဆုံး ၃၇ကြိမ်ရှိခဲ့သည်ဟု ကချင် ပြည်နယ်မှ အမျိုးသားလွှတ်တော် အမတ်တစ်ဦးက ၂၀၁၅နှစ်ကုန်ပိုင်းက ပြောဆိုထားပြီး မြေစာပုံပြိုကျမှုကြောင့် လူပေါင်းရာဂဏန်းထိ သေဆုံးခဲ့ရသည်။

ယင်းကိစ္စဖြေရှင်းရန် လွှတ်တော်က မေးခွန်းမေးမြန်းခြင်းကိုလည်း သတ္တုတွင်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးသန်းထွန်းအောင်က လုံခင်း၊ ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းလုံးဝရပ်နားခြင်း (သို့မဟုတ်) ထိုဒေသအား ပုဒ်မ ၁၄၄ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း (သို့မဟုတ်) စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ဒီဇင်ဘာ ၂၈ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ပြီး ယင်းဖြေရှင်းချက်ကိုမူ လွှတ်တော်က လက်မခံခဲ့ပေ။

ဦးသိန်းစိန်အစိုးရက ဖားကန့်ဒေသအတွင်း မြေပြိုမှုအကြိမ်များစွာဖြစ်ပွားခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဋ္ဌာန ဝန်ကြီးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်စေခဲ့သော်လည်း မည်သို့စိစစ်ထားသည်ကို မသိရှိရသေးပေ။

၂၀၁၅ ခုနှစ် နို၀င်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် သယံဇာတတူးဖော်ရေးကုမ္ပဏီ ၆၂၇ ခု ကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ရ၇၁၄ ကွက်နှင့်၊ အကျိုးတူလုပ်ကွက် ၃၁၁ ကွက်အတွက် ကုမ္ပဏီ ၂၃၁ ခုကို ၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧက လုပ်ကိုင်ခွင့်ပြုထားသည်ဟု ပြည်ထောင်စုအစိုးရက ၁၃ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် ဖြေကြားထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...