မြို့ပြစီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ် အစိုးရသစ်လက်ထက်တွင် ရေးဆွဲမည်

မြို့ပြစီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ် အစိုးရသစ်လက်ထက်တွင် ရေးဆွဲမည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်၏ လွိုင်ကော်မြို့နှင့် ဘော်လခဲမြို့ ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို လက်ရှိအစိုးရတွင် မြေနေရာအတည်ပြုနိုင်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် စီမံကိန်းအကောင်အထည်များ အစီအစဉ်ချရေးဆွဲမည်ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက ပြောသည်။

၎င်းက “လက်ရှိအစိုးရမှာတော့ မြေနေရာအတည်ပြုခြင်းရွေးခြယ်ခြင်းနဲ့ နောင်လာမည့် အစီအစဉ်ကတော့ အစီအစဉ်စတင်ရေးဆွဲခြင်း ပဲရှိပြီးတော့မှ လက်ရှိမှာတော့ အစိုးရဌာနဆိုင်ရာတွေကို စတင် မြေနေရာချထားပြီး လုပ်နေပါတယ်။” ဟု ပြောပါသည်။

လွိုင်ကော်မြို့သစ်စီမံကိန်းတွင် ဟိုတယ်ဇုန်အိမ်ရာကွက်များနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း ၊ မြို့ပတ်လမ်းများ ၊ လေယာဉ်ကွင်း ဒုတိယအဆင့်တိုးချဲ့ခြင်းများ ၊ အဆင့်မြှင့်ရမည့်ရပ်ကွက်များ ၊ လေယာဉ်ပတ်လမ်းများ ၊ ဂေါက်ကွင်း ၊ ဝန်ထမ်းအိမ်ယာများ ၊ ဘာဒိုကန်နှင့်ထေးငှားလျားကန် ၊ နောင်ယားကန် ၊ နောင်ယားကန် ၊ အပန်းဖြေနေရာ ၊ ဘီလူးချောင်း ၊ ဘီလူးချောင်းကူးတံတား ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် ဘုရားကျောင်းကန် သာသနာမြေနေရာများ ပါရှိသည်ဟု သိရသည်။

ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်က “နှစ်စဉ်အကောင်အထည် ဖော်ရမယ့် စီမံကိန်းရှိတယ်။ ငါးနှစ်တစ်ခါဆောင် ရွက်မည့် ရည်မှန်းထားတာတွေရှိတယ်။ ရေရှည်စီမံကိန်းဖြစ်တဲ့ နှစ် ၂၀ စီမံကိန်း ၂၀၃၁ အထိ ရည်မှန်းထားတဲ့စီမံကိန်းရှိတယ်။” ဟု ပြောသည်။

ယခုအစီအစဉ်ထဲတွင်ပါရှိသည့် တောင်ယာလယ်ယာမြေများကို ၂၀၁၂ ခုနှစ်တွင် ကွင်းဆင်း တိုင်းတာထားသည့်အတွက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးကြောင်း ၊ မြေပြင်တွင် တောင်ယာ ၊ လယ်ယာမြေများရှိပါက လုပ်ပိုင်ခွင့်လျှောက်ထားနိုင်ကြောင်း ဦးအောင်ဆွေက ဆက်ပြောသည်။

၎င်းက “မိမိမှာပိုင်ဆိုင်တယ် ဆောင်ရွက်နေဆဲဆိုရင်တော့ အဲဒီမှာရှိတဲ့ ကာယကံရှင်ကိုယ်တိုင်က မိမိမှာပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာကို ရပ်ကွက်အလိုက် ၊ ကျေးရွာအလိုက် ၊ ကျေးရွာအုပ်စုအလိုက် အဆင့်ဆင့်စီစဉ်ပြီးတော့မှ ပုံစံ ရ တွေထုတ်ပေးနေပါတယ်။” ဟု ပြောသည်။

လွိုင်ကော်မြို့၏ ဘီလူးချောင်းသန့်ရှင်းရေးသည်လည်း ရေရှည်စီမံကိန်းဖြစ်သည့်အတွက် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆက်လက်၍ အစိုးရသစ်လက်ထက်တွင် တင်ပြဆောင်ရွက်သွားရန်ရှိကြောင်း ၊ ထို့အပြင် လေယာဉ်ကွင်း၊ ဆရာအတတ်သင်သိပ္ပံကျောင်းနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကိုလည်း ဆောင်ရွက်ရန် ကျန်ရှိသေးကြောင်း သိရသည်။

ပန်ကန်းကျေးရွာအုပ်စုတွင် မြို့ကွက်သစ် ၁ ကို မြေနေရာတိုင်းတာခြင်း အကွက်ချရေးဆွဲထားပြီဖြစ်ကြောင်း ၊ မြို့ကွက် ၂ ကိုချိကယ်ကျေးရွာအုပ်စု နှင့် မြို့ကွက် ၃ ကို နွားလဝိုးကျေးရွာအုပ်စုတွင် ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု သိရသည်။

၂၀၁၄ ခုနှစ်တွင်ကျင်းပသည့် ပြည်နယ်အဋ္ဌမအကြိမ်တွင် မြို့ပြစီမံကိန်း ရေးဆွဲနိုင်ရေး အဆိုတင်သွင်းခဲ့ကြခြင်းဖြစ်သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...