ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပုံအဖြစ်တင်သည်ဟုဆိုကာ တိုင်ကြားခံရသူကို ဒီဇင်ဘာ ၃၀ရက်တွင် ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပုံအဖြစ်တင်သည်ဟုဆိုကာ တိုင်ကြားခံရသူကို ဒီဇင်ဘာ ၃၀ရက်တွင် ရုံးချိန်း
by -
မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်ပုံအား မဖွယ်ရာပြုလုပ်ထားသည့် ဓာတ်ပုံတင်သည့် Thu Thu အကောင့် ပိုင်ရှင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ တွဲဘက် အတွင်းအရေးမှူး ဦးသန်းထွန်းအား ဒီဇင်ဘာ ၂၁ရက်နေ့က တတိယမြောက် ရုံးတင်စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဒီဇင်ဘာ ၃၀ရက်နေ့တွင် ပြန်လည်ချိန်းဆိုလိုက်သည်။

ဦးသန်းထွန်းကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည်။

"Thu Thu အကောင့်ကို ဦးသန်းထွန်းသုံးပြီးတင်တာမို့ ကျွန်တော် အမှုဖွင့်ခဲ့တာ။ အခု ကျွန်တော် တင်ထားတဲ့သက်သေတွေ ပါမလာဘူး။ အမှုမဖွင့်ခင် ညှိနှိုင်းတုန်းက သူတို့မီဒီယာရှေ့မှာ မတောင်းပန် နိုင်လို့ အမှုဖွင့်တာပါ"ဟု တရားလိုပြုတိုင်းကြားသူ ဦးစည်သူအောင်က မဇ္ဈိမသို့ ပြောသည်။

ရုံးချိန်းတွင် တရားလိုအား နှစ်ဘက်ရှေနေ့များမှ အပြန်အလှန် စစ်ဆေးမှုများပြုလုပ်ပြီး အမှုအား ဒီဇင်ဘာလ ၃၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

"Thu Thu အကောင့်ကို ဦးသန်းထွန်းသုံးတာမို့လို့ အမှုမဖွင့်ခင်တောင်းပန်းဖို့  ညှိနှိုင်းတုန်းက သူက မီဒီယာရှေ့မှာ တောင်းပန်ဖို့ဆို ရင် အထက်တင်ပြရမှာဆို့လို အမှုဖွင့်တာပါ။ အခုလည်း ကျွန်တော့်ဘက် တင်ပြထားတဲ့ သက်သေ ၃ ဦး မပါဘူး"ဟု ဦးစည်သူအောင်က မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ThuThu ဆိုသည့် အကောင့် ပိုင်ရှင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား photoshop ဖြင့် မဖွယ်မရာ ဓာတ်ပုံအဖြစ် ပြုလုပ်သဖြင့် ကန်ကြီးထောင့်မြို့ နယ်က ဦးစည်သူအောင်က အမှုဖွင့်တိုင်ကြားခဲ့ပြီး ဦးသန်းထွန်းကို နိုဝင်ဘာ ၂၅ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...