လိပ်ကျွန်းအမှု တရားလိုထိုင်းရဲက အယူခံဝင်နိုင်တယ်လို့ မြန်မာအဖွဲ့သုံးသပ်

လိပ်ကျွန်းအမှု တရားလိုထိုင်းရဲက အယူခံဝင်နိုင်တယ်လို့ မြန်မာအဖွဲ့သုံးသပ်
by -
မဇ္ဈိမ
လိပ်ကျွန်းတွင် နိုင်ငံခြားသားစုံတွဲကို သတ်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအမှု အတွက် တရားလိုထိုင်းရဲက ထိုင်းတရားရုံးချုပ်သို့ အယူခံဝင်နိုင်သည်ဟု မြန်မာစုံစမ်းစစ်ဆေးရေး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၂၀ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

"နိုင်ငံသုံးနိုင်ငံနဲ့ ပက်သက်နေပြီး၊ ထိုင်းရဲသိက္ခာနဲ့လည်းဆိုနေတဲ့အတွက် ကျွန်တော်တို့ ခရိုင်အဆင့် နိုင်ခဲ့ရင် ဒီအမှုကို ဘန်ကောက်က တရားရုံးချုပ်ကို သူတို့အယူခံ ဝင်ပါလိမ့်မယ်။ အဲဒီအတွက်နောက် ၉ လကနေ ၁နှစ်အထိ ကြာနိုင်သေးတယ်။ အဲဒါတွေပြီးခဲ့ရင်တော့ တရားသေလွတ်နိုင်ပါတယ်။"ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ၏ တရားစီရင်ရေးပုံစံအရ ခရိုင်အဆင့်ဆုံးဖြတ်ချက်များကို ဗဟိုတရားရုံးချုပ်သို့ အယူခံ ဝင်နိုင်ပြီး ယင်းအဆင့်ဆုံးဖြတ်ချက် ကိုလည်း ဘုရင့်တရားလွှတ်တော်သို့ ထပ်မံအယူခံဝင်နိုင်သည့် အနေအထားရှိသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

လက်ရှိတွင် မြန်မာနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က လူသတ်မှု၊ မုဒိန်းမှု၊ အလောင်းဖောက် ဖျက်မှုအပြင်၊ ၀င်းဇော်ထွန်းကိုမူ တရားမဝင်ဝင်ရောက်နေထိုင်သည့် ထိုင်း လ.၀.က ဥပဒေဖြင့်ပါ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ကော့စမွေခရိုင်တရားရုံးက နောက်ဆုံးအမိန်ချမှတ်မည် ဖြစ်သည်။

"ခရိုင်တရားရုံးက ကျွန်တော်တို့နိုင်တယ်လို့အမိန့်ချခဲ့ရင်တော့ သူတို့တွေ အာမခံရဖို့အတွက် သံရုံးနဲ့တိုင်ပင်ပြီး လုပ်ကြမှာ၊ ဝင်းဇော်ထွန်းကို စွဲထားတဲ့ အမှုကလည်း ချုပ်ရက်နဲ့ချေရင် ဘာမှ မရှိတော့ဘူး။ ထိုင်းရဲကအယူခံဝင်မယ့် အရာကို ပြန်ပြီးတော့ ရင်ဆိုင်ရမယ်။"ဟု မြန်မာသံရုံး စုံစမ်းရေးအဖွဲ့ ၃ခေါင်းဆောင် ဦးထူးချစ်က ပြောသည်။

လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ထိုင်းရဲတင်ပြထားသည့် အသတ်ခံရသူခန္ဓာပေါ်မှတွေ့ရှိရသည့် မျိုးရိုးဗီဇ DNA နှင့် အခြားသက်သေများအရ စွပ်စွဲခံရသူ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ပြစ်ဒဏ်ပေးရန် ခိုင်လုံမှုမရှိသဖြင့် ကော့စမွေတရား ရုံးတွင် မြန်မာနိုင်ငံဖက်မှ အနိုင်ရရှိနိုင်မည့် အခြေအနေကို မျှော်မှန်းထားသည်ဟုလည်း မြန်မာသံရုံးအဖွဲ့မှ သိရသည်။

"DNA မတူရုံတင် မကဘူး။ သတ်ခဲ့တယ်ဆိုပြီး ထိုင်းရဲပုံရိပ်ယူထားတဲ့ သက်သေပါ ကိုယ်ခန္ဓာ အချိုးအစားကို အင်္ဂလန်က ပညာရှင်တွေနဲ့ စစ်ဆေးတဲ့အခါ ပုံရိပ်ယူထားတဲ့သူနဲ့ စွပ်စွဲခံရသူပုံစံက လုံးဝ ကွဲလွဲတယ်။ ဒါတွေကို တရားရုံးမှာလည်း ပို့ထားပြီးသား၊ ထိုင်းရဲက ပြောတဲ့ ဖြောင့်ချက်ပေးထားတယ်ဆိုတာက အရင်စွပ်စွဲခံရသူဖက်က ခုခံပေးတဲ့သူ မရှိချိန်မှာ ယူထားတဲ့ အတွက် တရားမဝင်ဘူး"ဟု လက်ရှိ ထိုင်းရဲ၏ သက်သေများခိုင်လုံမှုမရှိသည့် အခြေအနေကို ရှေ့နေဦးအောင်မျိုးသန့်က မဇ္စျိမသို့ ပြောသည်။

၂၀၁၄ နှစ်ကုန်ပိုင်းက ထိုင်းအာဏာသိမ်း အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ်က လိပ်ကျွန်းအမှုနှင့် ပက်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို မိမိအနေဖြင့် ယုံကြည်မှု အပြည့်အဝ ရှိသည်ဟု နိုင်ငံခြားခရီးစဉ်တစ်ခု မှ ပြန်လည်ရောက် ရှိသည့်အချိန် လေဆိပ်သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁၅ရက်နေ့တွင် စတင်ခဲ့သည့် လိပ်ကျွန်းလူသတ်မှုနှင့်ပက်သက်ပြီး တရားရင်ဆိုင်သည့် ရုံးချိန် ၂၅ခု အပါအဝင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုစုစုပေါင်း ၅၆ကြိမ်အထိ ပြုလုပ်ခဲ့သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...