ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် ကားတင်သွင်းမှု တချို့ကိုရပ်ဆိုင်းရန်အကြံပြု

ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် ကားတင်သွင်းမှု တချို့ကိုရပ်ဆိုင်းရန်အကြံပြု
by -
မဇ္ဈိမ
ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် လူတစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း(Luxury Goods)တင်သွင်းမှုများကို ရပ်ဆိုင်းနိုင်ရန် ပြည်လည်သုံးသပ်သင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ အစိုးရသို့ အကြံုပြုထားသည်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွင်း၌ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေမှာ (၁၆)ဘီလီယံကျော်အထိ ဖြစ်ပေါ်နေကြောင်းနှင့် ယင်းကုန်သွယ်မှု လိုငွေဖြစ်ပေါ်ခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်သော မလိုအပ်သော တစ်ဦးချင်း၏ လူတစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း( Luxury Goods)တင်သွင်းခြင်းကို ရပ်ဆိုင်းသင့်သည့် ကိစ္စရပ်များ ရပ်ဆိုင်းနိုင်ရန် မူဝါဒရေးရာအပိုင်းကို အမြန်ဆုံး ပြန်လည် စိစစ်သုံးသပ်ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

၂၀၁၅ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအထိ ခြောက်လအတွင်း ကုန်သွယ်မှုပမာဏ ရည်မှန်း၏ (၁၁၂.၄)ရာခိုင်နှုန်းအကောင်းအထည်အဖော်နိုင်သည်ဆိုသော်လည်း ကုန်သွယ်မှုလိုငွေမှာ (၁၆, ၁၁၁. ၃၃၄) ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်းပြည်ထောင်စုလွှတ်တော်၏ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ကော်မတီမှ ပြည် ထောင်စုလွှတ်တော်တွင် အစီအရင်ခံခဲ့သည်။

ယခုအချိန်တွင် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများသည် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရဝန်ကြီး ဌာနများနှင့် တိုက်ရိုက်ညှိနှိုင်းဆက်သွယ်ဆောင်ရွက်မှုများမရှိပဲ နိုင်ငံတော်သမ္မတရုံးနှင့်သာ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေ သဖြင့် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးဝန်ကြီးရုံးများမှ ဆောင်ရွက်သည့် ကိစ္စရပ်များအဆင်ပြေ ချောမွေ့စေရေးးအတွက် မူဝါဒပိုင်းနှင့်စီမံခန့်ခွဲမှုများ အလျင်အမြန်ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း အကြံပြုထားသည်။

နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုစနစ်၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများတွင် အမှန်တကယ်ရေရှည်တည့်တဲ့ခိုင်မြဲသော အကျိုးသက်မှုများရှိသော ပြုပြင် ပြောင်းလဲမှုများ ဖြစ်သင့်ကြောင်းလည်း အကြံပြုထားသည်။

“ကော်မတီရဲ့ တိုက်တွန်းချက်၊ အကြံပြုချက်၊ သဘောထားမှတ်ချက်တို့ကို အစိုးရအနေနဲ့နှင့် စနစ်တကျ ပြန်လည်သုံး သပ်စေလိုပါတယ်“ဟု အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...