လေးမျက်နှာမြို ့နယ် အိုင်သပြုကျေးရွာ ကမ်းပါးထပ်ပြို အိမ် ၄၃လုံးရွှေ့ပြောင်းရ

လေးမျက်နှာမြို ့နယ် အိုင်သပြုကျေးရွာ ကမ်းပါးထပ်ပြို အိမ် ၄၃လုံးရွှေ့ပြောင်းရ
by -
မဇ္ဈိမ
ဓာတ်ပုံ-စည်သူမောင်မောင်
ဓာတ်ပုံ-စည်သူမောင်မောင်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြု ကျေးရွာတွင် ဒီဇင်ဘာ ၁၇ရက်နေ့က ငဝန်မြစ်ကမ်းပါး ထပ်မံပြိုကျသည့်အတွက် လူနေအိမ်ခြေ ၄၃လုံး ပြောင်းရွှေ့ခဲ့ရသည်ကို တွေ့ရသည်။

ယင်းနေ့ နံနက်ပိုင်းက မြေကြီးများအက်ကြောင်းဖြစ်လာခြင်းကြောင့် အိမ်များရွှေ့ပေးခဲ့ရပြီး နေ့လည် တစ်နာရီကျော်တွင် အလျား၁၅၀ပေ၊ အနံပေ ၅၀ နိမ့်ဆင်းသွားကြောင်း အိုင်သပြုကျေးရွာ ဖွံဖြိုးရေး ထောက်ကူပြုကော်မတီမှ ဦးခင်မောင်လွင်က ပြောသည်။

"ကမ်းပါး ထိန်းသိမ်းဖို့လိုပြီး မြေ ထပ်ပြိုနိုင်တယ်၊တာအပြင်ဘက်မှာအခုထပ်ဖြစ်တာက ဆက်ဖြစ်လာ ရင် တာအတွက် စိုးရိမ်ရတယ်။ အခုတခါ ပြိုတာ အဆိုးဆုံးပဲ"ဟု ဦးခင်မောင်လွင်က ပြောသည်။

ဒီဇင်ဘာလ ၁၃ရက်နေ့က ညနေပိုင်းမှ မြေကြီးပြတ်ကြောင်းများဖြစ်ပေါ်ပြီး အိမ် ၆လုံးအား နေရာရွေ့ပေးခဲ့ရသည့်အတွက် လတ်တလောအခြေအနေတွင် အိမ်စုစုပေါင်း ၄၉လုံးအား ယာယီနေရာချပေးထားသည်။

"အခု ပြိုကျမှ သက်တမ်းတလျှောက်မှာ ကြီးမားတယ်ပြိုကျမှုမျိုးမဖြစ်ဘူး၊အခု တာ နဲ့ အရမ်းကပ်သွားပြီး။ ဖြစ်စဉ် အပေါ်မှာထိထိရောက်ရောက် မကာကွယ်နိုင်ဘူးဆိုရင် အိုင်သပြု တာ ပန်းလို ဖျက်လိုက်ရမယ် ရွာပျက်သွားမှာပါ"ဟု လေးမျက်နှာမြို့နယ်ပြည်သူလွှတ်တော်ရွေးချယ်ခံ ကိုယ်စားလှယ်ဦးဇော်မင်းသိန်းက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဆည်းမြောင်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း အချက်အလက်များ လိုက်လံ ကောက်ခဲ့သည်ကို တွေ့ရသည်။

မြေပြိုကျမှုများ အိုင်သပြု တာ နှင့် ပေ၁၅၀ အကွာတွင် ဖြစ်ပေါ်နေပြီး ဒေသခံများ တာ ထိခိုက်မှာအား စိုးရိမ်းလျက်ရှိပြီးတာ အတွင်းပိုင်တွင် အိမ်ခြေ ၁၅၀၀ ကျော် တည်ရှိသည်။

ကမ်းပါးပြို ကျမှုသည့် နောက်ဆုံးအကြိမ်အဖြစ်၂၀၁၀ ခုနှစ်တွင် အိုင်သပြု သဘောင်္ဆိပ်တွင် ဖြစ်ပွားခဲ့ပြီး၊ ယခင်မြေပြိုများသည့် ပေအနည်းငယ်သာဖြစ်ကြောင်း သိရှိရသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...