ပိုင်ဆိုင်မှုအခွန် ထည့်သွင်း ရေးဆွဲရန် အစိုးရကို အကြံပြု

ပိုင်ဆိုင်မှုအခွန် ထည့်သွင်း ရေးဆွဲရန် အစိုးရကို အကြံပြု
by -
မဇ္ဈိမ
နိုင်ငံသားတစ်ဦးချင်းစီ ပိုင်ဆိုင်မှု မြောက်များစွာ ထားရှိနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ဥစ္စာ ပစ္စည်းပိုင်ဆိုင်မှုအလိုက် နိုင်ငံတော်သို့ အခွန်နှစ်စဉ် ပေးသွင်းရသည့် ပိုင်ဆိုင်မှုအခွန်(Propet Tax) ထည့်သွင်းရေးဆွဲသင့်ကြောင်း NLD အမတ် ဒေါ်စန္ဒာမင်းက ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ လက်ရှိအစိုးရကို အကြံပြုသည်။

“ဒီစနစ်ကို ထည့်သွင်းရေးဆွဲမှသာ မိမိ ဝင်ငွေရလမ်း မဖော်ပြနိုင်ဘဲ ပိုင်ဆိုင်ထားမှုအလိုက် နှစ်စဉ် နိုင်ငံတော်ကို အခွန်ပေးဆောင်စေခြင်းဖြင့် နိုင်ငံသားတစ်ဦးခြင်းစီ ပိုင်ဆိုင်မှုမြောက်များစွာ ထားရှိ နေခြင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်မှာပါတယ်”ဟု ၎င်းက အကြုံပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် လွှတ်တော်တွင် အစိုးရ၏ ၂၀၁၅-၂၀၁၆ ခုနှစ် ပထမ ခြောက်လပတ် အမျိုးသားစီးမံကိန်းဆောက်ရွက်မှု အစီအရင်ခံစာပေါ် ပြည်ထောင်စုလွှတ်တော်၏ စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကာ်မတီ၏ စိစစ်တွေ့ရှိချက်အစီအရင်ခံစာကို ဆွေးနွေးပြီး ပိုင်ဆိုင်မှုအခွန်(Propet Tax) ထည့်သွင်း ရေးဆွဲသင့်ကြောင်း အကြံပြုခဲ့သည်။

ပညာရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊အခွန်စနစ်နှင့် ကုန်သွယ်မှုကဏ္ဍများကိုလည်း အစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း NLD အမတ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်၌ ဝေဖန်ဆွေးနွေးခဲ့သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...