တွံတေးမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ကမ်းပါပြိုမှုများဖြစ်နေ

တွံတေးမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ကမ်းပါပြိုမှုများဖြစ်နေ
by -
မဇ္ဈိမ
တွံတေးမြို့နယ် တွံတေးတူးမြောင်းတလျှောက်  အိုးဖိုအနောက််ရပ်ကွက်တွင် မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ် လျက်ရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့ ပြိုကျမှုတွင် လူနေအိမ် ၆ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တူးမြောင်းနားတွင်နေထိုင်သူ ဦးခင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

"အခုနောက်ဆုံးပြိုကျတော့ အိမ် ၆ လုံးလောက်ပါသွားတယ်။ သူက နေ့တိုင်းလိုလို နည်းနည်း နည်းနည်း ပြိုနေတာ။ ကြာရင် မြို့ပါ ပါသွားနိုင်တယ်။ အဲဒါကြောင့် သက်ဆိုင်ရာဌာနတွေ၊ ပညာရှင်တွေ ဖြေရှင်းပေးစေချင်တယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ပြိုလာတာ ပေ ၃၀၀ ပါသွားပြီး။ ကြာရင် စိုးရိမ်ရပါတယ်"ဟု အိုးဖိုအနောက်ရပ်ကွက်၊ တွံတေးတူးမြောင်းအနီးတွင် နေထိုင်သူ ဦးခင်ဝင်းက ပြောသည်။

လွန်ခဲ့သည့် ၁၂ နှစ်ခန့်ကပင် တွံတေးမြို့၊ အိုးဖိုအနောက်၊ မြို့အဝင်မှစ၍ရေတိုက်စားကာ ပြိုကျခဲ့ပြီး လက်ရှိ အခြေအနေတွင် ကမ်းနံဘေး ပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း၊ ဥယျာဉ်ခြံမြေများ၊ လူနေ အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် တစ်ကြိမ်ပြိုကျပြီး နောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှလာရောက်ကြည့်ရှုပြီး မြို့နယ်အဆင့်အနေဖြင့် စစ်ဆေးဆောင် ရွက် ပြီး ခရိုင်၊ တိုင်းအဆင့်များသို့ ဆက်လက်တင်ပြထားသည်ကိုသာ သိရကြောင်း ၎င်းက ရှင်းပြသည်။

ယခု ဒီဇင်ဘာ ၁ရက်နေ့က ပြိုကျမှုမှာ ပမာဏအများဆုံးဖြစ်သည့်အတွက် အနီးနားရှိနေအိမ်များမှာ စိုးရိမ်ဖွယ်ရရှိနေသည့်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း တူးမြောင်းတလျောက်နေထိုင်သူများက ပြောသည်။

ဓာတ်ပုံ- ဖြိုးသီဟ

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...