ကရင်ရိုးရာ ယက္ကန်းထည်လုပ်ငန်း ပြည်မရွှေ့ပြောင်းလုပ်သားများကိုသာ အားကိုးနေရ

ကရင်ရိုးရာ ယက္ကန်းထည်လုပ်ငန်း ပြည်မရွှေ့ပြောင်းလုပ်သားများကိုသာ အားကိုးနေရ
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ ပအိုဝ်းစုရပ်ကွက်၌ ကရင်ရိုးရာ ယက္ကန်းလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်မှုများရှိသော် လည်း ဒေသခံအလုပ်သမားရှားပါးကာ ပြည်မဘက်မှ ရွှေ့ပြောင်းအလုပ်သမားများကိုသာ အားထားလုပ်ကိုင်နေရသည်ဟု လက်ယက္ကန်းရုံပိုင်ရှင် ခွန်ပလောက်က ကေအိုင်စီသို့ ပြောသည်။

“ဒီကလူတွေက ယက္ကန်းရုံတွေမှာ လာလုပ်ကြတာမရှိဘူး။ ကြီးလာရင် ထိုင်းနိုင်ငံမှာပဲ အလုပ်သွားလုပ်ကြတယ်။ ကျနော်တို့ ယက္ကန်းရုံမှာဆိုရင် လုပ်နိုင်ရင် တစ်ရက်ကို တစ်သောင်းကျော်ကျော်နဲ့ သာမန်လုပ်နိုင်တဲ့လူဆို ငါးထောင်ပေါ့။ လုပ်နိုင်ရင် လုပ်နိုင်သလို ရပါတယ်။ ဖွင့်တာက တစ်နှစ်လုံးပဲ။ ဒါပေမယ့် ဒီဒေသက လုပ်တဲ့လူမရှိတော့ ပဲခူးတို့ လက်ပံတန်းမြို့တို့က လူတွေပဲ လာလုပ်ကြတယ်။ ဒီမှာ လာလုပ်တာ သူတို့အတွက် အဆင်ပြေတယ်”ဟု ယက္ကန်းရုံပိုင်ရှင် ခွန်ပလောက်က ပြောသည်။

အဆိုပါ အိန္ဒုကျေးရွာရှိ  ယက္ကန်းရုံထွက် ကရင်ရိုးရာအထည်များကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး စသည့် ဒေသများမှ ကြိုတင်မှာယူကာ ဝယ်ယူခြင်းများရှိသလို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသူများလည်းရှိ ကြောင်း ကရင်ရိုးရာအထည် လက်လီ၊ လက္ကား စျေးကွက်အတွင်းမှ သိရသည်။

၎င်းယက္ကန်းရုံတွင် ပဲခူးမြို့မှ လာရောက်လုပ်ကိုင်သူ မသီသီခိုင်က “ဒီအလုပ်က ကျမတို့အတွက် အဆင်ပြေတယ်။ ကျမတို့ ဒေသမှာဆိုရင် တစ်ရက်ကို သုံးထောင်လောက်ပဲ ရတယ်။ ဒီမှာက အနည်းဆုံး ငါးထောင်လောက်ရတယ်။ နေဖို့လည်း ပူစရာ မလိုဘူး။ တစ်ချို့ဆို မိသားစုအလိုက် လာလုပ်တယ်။ ဒီမှာက ကိုယ့်နိုင်ငံထဲမှာပဲ လုပ်ရတာဆိုတော့  စိတ်ချမ်းသာတယ်။ အခု လာလုပ်တာ သုံးနှစ်တောင်ကျော်နေပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

အိန္ဒုကျေးရွာ၊ ပအိုဝ်းစုရှိ ယက္ကန်းရုံများသည် ကရင်ပြည်နယ်တွင် ကရင်ရိုးရာအထည်များအား အများစု ယက်လုပ်ဖြန့်ချိနိုင်သည့် နေရာဖြစ်သလို ယက္ကန်းရုံပိုင်ရှင် အများစုမှာ ပအိုဝ်းတိုင်းရင်းသားလူမျိုးများဖြစ်ကာ ၎င်းတို့၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာ ခဲ့သည့် လက်ယက္ကန်းရုံများဖြစ်ကြောင်း ရုံပိုင်ရှင်များက ပြောသည်။

လက်ရှိ ကရင်ပြည်နယ် ဒေသခံလူငယ်အများစုသည် ထိုင်းနိုင်ငံအတွင်း အောက်ခြေပိုင်းလုပ်ငန်းများကိုသာ သွားရောက်လုပ် ကိုင်သည့်အတွက် ပြည်နယ်အတွင်းရှိ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများတွင် ပြည်တွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို သာ အားထားလုပ်ကိုင်နေရသည်ဟု လုပ်ငန်းရှင် အများစုထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...