မဲထည့်ပုံစံလှုပ်ရှားမှုတွင် စာမတတ်သူများ လက်မှတ်မထိုးတတ်သည့် အခက်အခဲများဆုံးတွေ့ရ

မဲထည့်ပုံစံလှုပ်ရှားမှုတွင် စာမတတ်သူများ လက်မှတ်မထိုးတတ်သည့် အခက်အခဲများဆုံးတွေ့ရ
by -
ကန္တာရဝတီတိုင်း(မ်)
ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် ကျေးရွာအတွင်း အသိပညာများလိုက်ပေးရာတွင် ရွာသူရွာသား များက စာမတတ်သူများ များပြားနေသည့်အတွက် လက်မှတ်မထိုးတတ်ကြသည့် အခက်အခဲ အများဆုံးဖြစ်နေသည်ဟု မော့ဒူကလားမေး လူမှုအသင်းအဖွဲ့မှ ကိုစေးရယ်က ပြောသည်။

၎င်းက “အဓိက ကပေါ့နော သူတို့ကို လက်မှတ်ထိုးခိုင်းတဲ့အချိန်မှာ သူတို့ မထိုးတတ်ကြဘူး။ လက်ဗွေနှိပ်ဖို့ တောင်မှ မနှိပ်တတ်ဘူးပေါ့နော”ဟု ပြောသည်။

၎င်းတို့က လိုက်လံကွင်းဆင်း ပညာပေးပြီးခဲ့သည့် ကျေးရွာများအပေါ် ဒေသခံများ အပြည့်အဝ နားလည်သွားလိမ့်မည်ဟု မမျှော်လင့်ကြောင်း ၊ အကြောင်းမှာ ဒေသခံများထဲတွင် စာမတတ်သူ အများစု ရှိနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

၎င်းနှင့်ပတ်သက်၍ ပြည်သူများ အသိပညာတိုးစေရန် မော့ဒူကလားမေး လူမှုအသင်းအဖွဲ့မှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဒီးမော့ဆိုမြို့၊ မြို့မစျေး၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှုပ်ရှားမှုတရပ်ကို ကျင်းပပြုလုပ်သွားခဲ့သည်။

ယခုလို ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသခံများက မိမိတို့ထည့်ရမည့် လွှတ်တော်သုံးရပ်ကို မသိရှိကြရခြင်းသည် ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုအားနည်းနေခြင်းဖြစ်သည်ဟု မော့ဒူကလားမေး လူမှုအသင်းအဖွဲ့မှ ဒု ဒါရိုက်တာ ကိုမြာရယ်က ပြောသည်။

“လူထုအခြေအနေက ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင် စိတ်ဝင်စားမှုအားနည်းတယ်။ ရွာထဲမှာကော မြို့ထဲမှာကော ပြီးခဲ့တဲ့မဲဆန္ဒရှင်စာရင်းသွားကြည့်ကြပါဆိုတာကိုလည်း ၅၀ ရာခိုင်နှုန်းတောင် သွားကြည့်တဲ့သူက မရှိဘူး။ ဒါတောင်မြို့ထဲမှာပဲပြော တာ။”ဟု ကိုမြာရယ်က ပြောသည်။

လက်ရှိအခြေအနေတွင် ယခုကဲ့သို့ ပြည်သူများ မဲထည့်နည်းစနစ်ကို သိရှိရန် ရွေးကောက်ပွဲ နည်းဥပေဒေ အတိုင်းဆောင်ရွက်နေ သည့် ကော်မရှင်အဖွဲ့မှလည်း တာဝန်ရှိသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမီရယ်ရဲအောင်က ပြောသည်။

၎င်းက “မဲပေးတဲ့ စနစ်က လူထုနားလည်မှုအရမ်းအားနည်းနေတာကို တွေ့ရတယ်။ နိုင်ငံတော် ကော်မရှင်ကလည်း လူထုကြားထဲကို ကျယ်ကျယ်ပြန့်ပြန့်မဲပေးတဲ့စနစ် ဥပဒေတွေဟာ လုံးဝ မလုပ်နိုင်သေးဘူး။”ဟု ပြောသည်။

ထိုအသိပညာပေး လှုပ်ရှားမှုတွင် လာရောက်ကြည့်ရှုသော ဖဲလျားရွာမှ မဘိုးမြာက “ကျွန်မတို့ မဲဘယ်လိုပေးရမလဲဆိုတာ မသိဘူး။ အခုတော့လည်း နည်းနည်းသိလာပြီ”ဟု ပြောခဲ့သည်။

၎င်းတို့ကျေးရွာတွင် ရှိနေသည့် ဒေသခံတော်တော်များများသည် ရွေးကောက်ပွဲတွင် မဲထည့်ရန် အတွက် အသိပညာသိရှိမှုနည်းပါးနေသေးကြောင်း၊ ထို့ကြောင့် မဲအသိပညာများ ထပ်မံလိုအပ်နေသေးကြောင်း မဘိုးမြာက ဆက်ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေလှုပ်ရှားမှုတွင် လာရောက်သူ ဒေါကလော်ဒူမှ ဦးဂျိုးဇက်သည် ယခုလို ရွေးကောက်ပွဲဆိုင်ရာ အသိပညာမျိုး မရရှိခဲ့ဖူးပဲ မောဒူကလားမေးလှုမှုအဖွဲ့အစည်း လုပ်သွားခဲ့သော ဤလှုပ်ရှားမှုတွင် အားရကျေနပ်ကြောင်း ပြောသည်။

မောဒူကလားမေး လူမှုအဖွဲ့အစည်း၏ ရွေးကောက်ပွဲဆိုင်ရာ မဲပေးခြင်း အသိပညာပေးလှုပ်ရှားမှု အတွက် အထောက်အပံ့ပေးသော အဖွဲ့အစည်းမှာ Australian AID ၊ Swiss AID ၊ UK aid တို့မှ အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ ဒီးမော့ဆိုမြို့မဈေးအပြင် နန်းမယ်ခုံ မြို့မဈေးနှင့် ဖရူဆိုမြို့မစျေးတို့တွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းတွင် အသိပညာပေးနေသည့် ဒေသခံလူမှုအသင်းအဖွဲ့များ Local Development Network (LDN)၊ မော့ဒူကလားမေး လူမှုအသင်းအဖွဲ့၊ ကရင်နီပြည်လူငယ်များသမဂ္ဂ၊ Law Home တို့ ရှိသည်ဟု သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...