ဟားခါးမြို့တွင် ကိုယ်စားလှယ်လောင်းများအတွက် သတင်းအချက်အလက် နှီးနှောဖလှယ်ခြင်း ပြုလုပ်

ဟားခါးမြို့တွင် ကိုယ်စားလှယ်လောင်းများအတွက် သတင်းအချက်အလက် နှီးနှောဖလှယ်ခြင်း ပြုလုပ်
by -
ခိုနူမ်းထုန်
ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ကမကထပြုမှုဖြင့် ချင်းပြည်နယ်မှ အမျိုးသား၊ ပြည်သူ့နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်များဆိုင်ရာ နှီးနှောဖလှယ်ခြင်း အစီအစဉ်ကို Carson Hall ၌ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

DSC 0004နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်အတွင်း ဟားခါး၊ တီးတိန်၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ်မ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအတွင်းရေးမှူးများ ၁၅ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ချင်းပြည်နယ်အတွင်း လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၁၀) ပါတီအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ(CNDP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ENDP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တာဝန်ရှိများ တက်ရောက်ခဲ့ကြသည်။

"လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ခန့်မှန်းထားသလောက်မလာနိုင်ကြဘူးပေါ့၊ ပါ၀င်မှု အားနည်းတယ်လို့ ဆိုရမှာပေါ့။ နောက် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးလိုလိုဟာ မဲဆွယ်စည်းရုံးရေးအတွက် နယ်ဆင်းကုန်ကြတာလည်း ပါတယ်"ဟု CLD ပါတီမှ ဟားခါးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း Daw Sui Sung က ပြောသည်။

တရက်တာ နှီးနှောဖလှယ်ဖလှယ်ပွဲတွင် ရွေးကောက်ပွဲပြက္ခဒိန်အကြောင်းအရာများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် စီမံခန့်ခွဲမှုများ၊ ကိုယ်စားလှယ်လောင်းများ၏ လုပ်ငန်းတာဝန်များ၊ မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများနှင့် မဲစာရင်းအကြောင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ၊ ရွေးကောက်ပွဲအငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မေးမြန်းဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် (၃၉) နေရာစလုံးတွင် မဲဆန္ဒရှင် ပြည်သူ ၂၇၃၆၇၃ ဦးက မဲပေးကြမှာဖြစ်ပြီး လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၂၀၂ ဦး၊ တသီးပုဂ္ဂလ(၈)ဦး ပါ၀င်ယှဉ်ပြိုင်ကြမှာဖြစ်သည်ဟု သိရ သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...