NLD ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ကားတိမ်းမှောက်မှုဖြစ်ပွား

NLD ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ကားတိမ်းမှောက်မှုဖြစ်ပွား
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း Pu ZoBawi သည် ဟားခါးမြို့ စျေးသစ်ရပ်ကွက်၊ တင်းနစ်ကွင်းအနီး မီးပွိုင့်နားတွင် အောက်တိုဘာ ၁၁ရက်နေ့၊ နံနက် ၀၇း ၁၅ နာရီခန့်က မတော်တဆဖြစ်ပွားကာ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

vs151010 001Pu ZoBawi သည် ၎င်း၏ Parado အမျိုးအစား ကိုယ်ပိုင်ကားကို မောင်းနှင်ရင်း မီးပွိုင့်အကွေ့ လီဗာ နှင့် ဘရိတ်မှားယွင်းနင်းမိရာမှ အထည်ဆိုင် နှင့် အလှပြင်ဆိုင်တွဲ ပျဉ်ထောင်အိမ် ဆိုင်ခန်းကို ဝင်တိုက်မိပြီး ကိုက် ၂၀ ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ကားတိမ်းမှောက်ခဲ့ရာတွင် Pu Zobawi သည် နာကျင်ထိခိုက်မှု မရှိသော်လည်း ကားတိုက်ခံ ရသည့် အဆိုပါ Pu Tumbik ပိုင် သွပ်မိုးပျဉ်ထောင်အိမ် ဆိုင်ခန်းမှာ လူနေအိမ်ကဲ့သို့ ခိုင်ခန့်မှု သိပ်မရှိသောကြောင့် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း မျက်မြင်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “တနင်္ဂနွေနေ့ ဆိုင်ခန်းပိတ်ချိန်မို့လို့ တော်သေးတယ်။ နို့မို့ဆိုရင် လူတွေလည်း ဒုက္ခရောက်နိိုင်တယ်။ ဒီနေရာက ယခု အကြိမ်နဲ့ဆိုရင် ယခုလို ပုံစံအတိုင်း သုံးကြိမ်မြောက် Car Accident ဖြစ်တာ ဖြစ်ပါတယ်။ အိမ်ပိုင်ရှင် ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးတယ်”ဟု ပြောသည်။

ကားတိမ်းမှောက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲဌာနက Pu ZoBawi အား တာဝန်အရ ခေါ်ယူစစ်ဆေးမှုပြု လုပ်နေကြောင်း သိရသည်။

Pu ZoBawi သည် ယခုနှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စား ဟားခါးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...