ဖားတောင်သတ္တုတူးဖော်မည့်ကိစ္စ အထက်ချင်းတွင်းလူငယ်မှ ကန့်ကွက်

ဖားတောင်သတ္တုတူးဖော်မည့်ကိစ္စ အထက်ချင်းတွင်းလူငယ်မှ ကန့်ကွက်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်တွင် တည်ရှိသော ဖားတောင်ဒေသ၌ 3s ကုမ္ပဏီမှ သတ္တုတူးဖော်မည့်ကိစ္စကို ကလေးမြို့ အခြေစိုက် အထက်ချင်းတွင်း လူငယ်များကွန်ရက်အဖွဲ့က ကန့်ကွက်သည့်အနေဖြင့် အောက်တိုဘာ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

ချင်းတိုင်းရင်းသား လူမျိုးပိုင် 3s ကုမ္ပဏီသည် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းသည့်အတွက်ကြောင့် ယခုကဲ့သို့ ဆန့်ကျင်ကန့်ကွက် ရခြင်းဖြစ်သည်ဟု အထက် ချင်းတွင်းလူငယ်ကွန်ရက် ဥက္ကဌ ကျော်သက်ဝင်းက ပြောသည်။

“အဓိကတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။ ဒေသခံတွေရဲ့ သဘောထားတွေကို ခံယူဖို့လိုအပ်တယ်၊ အစိုးရအနေနဲ့လည်း ဒီစီမံကိန်းနှင့်ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုပါတယ်။ လက်ရှိအနေအထားအရ ခွင့်ပြုချက်တွေ ဘယ်လောက်ပဲရရ ဒေသခံတွေ က သဘောမတူရင် ယာယီရပ်ဆိုင်းထားဖို့ ကျနော်တို့ တောင်းဆိုပါတယ်’’ ဟု သူက ပြောသည်။

3s ကုမ္ပဏီသည် ဖားတောင်ဓါတ်သတ္တုတူးဖော်နိုင်ရေးအတွက် ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ခွင့်ပြုမိန့်ရရှိပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့မှ ဖားတောင်ဒေသ တွင် လမ်းဖောက်လုပ်သည့် လုပ်ငန်းများ စတင်ခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိတွင်လည်း လမ်းဖောက်လုပ်မှု များကို ရပ်ဆိုင်းထားကာ 3s ကုမ္ပဏီသည် ဖားတောင် ခြေဒေသတွင် တည်ရှိသော ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကာ စီမံကိန်း အပေါ် ၎င်းတို့၏ သဘောထားများ ကို ကောက်ခံလျက်ရှိသည်ဟု သိရသည်။

ဖားတောင်ခြေတွင်တည်ရှိသော မြစိမ်းကျေးရွာ ရပ်မိရပ်ဖ အဖွဲ့ဝင်တစ်ဦးက “ခုအခြေအနေက ကန့်လည်း မကန့်ကွက်ဘူး။ ထောက်လည်း မခံသေးပါဘူး။ ကုမ္ပဏီဘက်ကနေ ဒေသခံပြည်သူတွေ မနစ်နာစေဖို့၊ အကျိုးခံစားခွင့်တွေ ရရှိဖို့၊ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေအတွက် ခိုင်မာတဲ့ အာမခံချက်ပေးမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း စဉ်းစားပေးနိုင်တယ်’’ဟု ပြောသည်။

ဒေသခံများသည် ဘိုးဘွားစဉ်ဆက်ကတည်းက လယ်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်နေကြ ပြီး ဖားတောင်ကြီး တူးဖော်လိုက်ပါက မြေဇာများနှင့် သံဓာတ်ပါသောရေများ လယ်ကွက်အတွင်း စီးဆင်းလာပြီး လယ်ယာ  ပျက်စီးမှုများဖြစ် ပေါ်လာမည်ကို အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဖားတောင်အရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေသော သတင်းထောက် တစ်ဦးကတော့ ယခုလက်ရှိ ဖြစ်ပေါ်နေသော ဖားတောင်အရေး ကိစ္စနှင့်ပတ်သက်၍ ပြဿနာကြီးထွားလာပါက သတ္တုတူးဖော် ခွင့်ပြုမိန့်ချပေးသော အစိုးရတွင် တာဝန် ရှိသည်ဟု ဝေဖန်ထောက်ပြထားသည်။

“မြွေတောင်၊ ဖားတောင်ဆိုတာ အငြင်းပွားရာဒေသဖြစ်တယ်။ ဒါပေမယ့် အစိုးရက လုပ်ကွက်အတွက် လျှောက်ထားနိုင် တယ်ဆိုပြီး ကြေညာတော့ ချင်းတိုင်းရင်းသားပိုင် 3s ကုမ္ပဏီရတယ်။ အစိုးရဆီမှာ လည်း ကျပ်သိန်း ၃၀၀ ကျော် အခွန်ဆောင်ထားပြီးပြီးလို့ သိရတယ်။ ဒါကြောင့်အစိုးရမှာ တာဝန်ရှိပါ တယ်။ ဒီကိစ္စကို အစိုးရက ပူးပေါင်းပါဝင်ဖြေရှင်း

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...